Chapter 9 {1}သတို့သမီးအိမ်သို့အလည်သွားခြင်း

3.4K 441 9
                                    

UNICODE
Chapter 9: Visiting the Bride's Family (1)

ချူ းလျန်လည်း မင်ယန်ရဲ့ အထိတ်၂အပြာ၂ဖြင့်ပြောနေသည့် အသံတွေကြောင့် သူမလည်း အံ့ဩထိတ်လန့်သွားသည်။ သူမ သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရပြီး အသိဝင်လာတာနဲ့ အရင်ဆုံး နီးရာ အဝတ်ကို ဆွဲယူ၍ သူမကိုသူမ ဖုံးထားလိုက်သည်။ ပြီးတာနဲ့ ချက်ချင်းပင် ဟေးချန်၏ ခြေသံပြင်းပြင်းတွေ ပိုပိုပြီး နီးကပ်လာတာ ကြားလိုက်ရသည်။

သူရဲ့ ဒေါသတွေနဲ့အတူ ဟေးစန်းလန်လည်း ရောက်ချလာသည်။

ရေချိူ းခန်းက မွှေးပျံ့ျ့နေပြီး ရေငွေ့နွှေးနွှေးတို့ ဖုံးလွမ်းနေသည်။ရေတွေက ရေချိူ းစည်ထဲကနေ လျှံကျနေပြီး ထိုထဲမှာရှိနေတဲ့ မိန်းကလေးက လည်း သူမကိုယ်ကို ရေစိုအဝတ်နဲ့ တတ်နိုင်သမျှ ဖုံးကွယ်နေသည်။

သို့ပေမယ့် ချူ းလျန် မသိလိုက်တာက ထိုချည်သားရေလဲဝတ်က ရေစိုနဲ့ ထိတာနဲ့ ချက်ချင်း စိုသွားမည်ကို .. သူမကိုယ်ပေါ်က အဝတ်က ပါးလွှပြီး ဖောက်မြင်နေရသည်။ချူ းလျန်လည်း ထိုဟာဝတ်ထားတာနဲ့ မထူး၍ ဒီအတိုင်းနေတာမှပိုကောင်းမည်ဟု သာ ကျိန်ဆဲနေလိုက်သည်။

သူမ ရေထဲမှာ တဝက်ပေါ်တဝက်မြုပ် အနေအထားဖြင့် ရှိနေသော်လည်း မပေါ်အောင်ဖုံးဖိနေရဖို့ စိတိအားပြင်းနေသည့်အတွက် သူမရဲ့ရင်ဘတ်က အသက်ရှု ပြင်းပြင်းကြောင့် နိမ့်ချည်မြင့်ချည်... သူမရဲ့ လုံးလုံးဝန်းဝန်း သူမရဲ့ အမွှာဆိုင်လေးနဲ့ ပန်းရောင်အစက်လေး နှစ်ခုကလည်း အဝတ်စိုအောက်ကနေ တူးတူးပုန်းတန်းကစားနေသလို ပေါ်ချည်ပျောက်ချည်...

ရည်ရွှယ်ချက်ရှိရှိမဟုတ်ပေမယ့်လည်း ရုတ်တရက်မို့ ..ထိုမြင်ကွင်းကြောင့် ဟေးချန်ရဲ့
အကြည့်တွေဟာ သူမအပေါ်ကိုသာ အမြှစ်တွယ်နေသည်။သူရဲ့ မီးလိုတောက်နေတဲ့ ဒေါသတွေကလည်း ရေနှင့်ငြိမ်းလိုက်သလို ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားသည်။
{ Men will be men👍 }

ဟေးချန် အနောက်က အပြေးတပိုင်းလိုက်လာသော မင်ယန်လည်း ဒုက္ခရောက်ဆနသည့်ပုံဖြင့် ထိုနေရာ၌ပင် မေ့လဲချင်ဖြစ်နေသော်လည်း အစေခံကူမှ ထိန်းပေးလိုက်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now