<Unicode>
Chapter 36: Can't Dodge Disasterချူ းလျန်လည်း ထိုအဆင့်တန်းလိုက် ဝတ်စားထားတဲ့ မိန်းမငယ်လေး သုံးယောက်ကို လှမ်းကြည့်နေရင်း မျက်မှောင်ကြုတ်သွားသည်။
ဘာတွေဖြစ်နေတာလဲ ?
ဝတ္ထုထဲကအတိုင်း Dingbo ဥယာဉ်ကကိစ္စ မဖြစ်လာအောင်ရှောင်နေတာလေ ... မေ့အဆောင်မပါဘူးလေ။ပြီးတော့ အဲ့ဒီကောင်မလေးတွေက ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ?
ချူ းလျန်လည်း ခေါင်းပင် မူးသွားသည်။
သူတို့ရဲ့ အကြောင်းတွေ မိသားစုနောက်ခံတွေမသိတဲ့အတွက် ဒီအတိုင်းသာ ဦးညွှန့်ပြီး နှုတ်ဆက်လိုက်သည်။" ယွမ်ကျင်းမမ, ဒီတစ်ယောက်က
အကိုဟေး စွန့်ပစ်ခဲ့တဲ့ သူလား? "အနောက်နားမှာရပ်နေတဲ့ အသက်အနည်းငယ်ကြီးတဲ့ မိန်းကလေးက အထင်သေးသလိုလိုနဲ့ လှောင်ရယ်သည်။သူမက Dingyuanအိမ်တော်က ၅ယောက်မြောက်သခင်မလေး
ကျိူ းယွမ်ကျင်း ဖြစ်သည်။တက်သက်စအသက်ရွှယ်ဖြစ်ပြီး အင်ပါယာမင်းသမီးလီယောင်ရဲ့စာကြည့်ဖော်ထဲက တယောက်ဖြစ်သည်။အစက ချူ းလျန် ရုတ်တရက်ကြားလိုက်ရတဲ့စကားက သူပြောလိုက်တာဖြစ်သည်။" အင်ပါယာမင်းသမီး, မင်းသမီးလေးရဲ့ မျက်လုံးတွေက အရမ်းကို ထိုးဖောက်မြင်နိုင်စွမ်းရှိပါတယ် "
ထိုမင်းသမီးဝတ်ထားတဲ့ အရောင်က ချူ းလျန်ဝတ်ရုံအရောင်နဲ့ အနည်းငယ်ဆင်နေသည်။
ချူ းလျန်က ပတ္တမြားဆံညှပ်ကိုတောင် ဆင်ထားသော်လည်း ယှဉ်ကြည့်မယ်ဆိုရင်တော့ ချူ းလျန် ဝတ်စားထားတာက အနည်းငယ် တန်ဖိုးနည်းနေသေးသည်။သို့ပေမယ့် ချူ းလျန်ရဲ့ နူးညံ့တဲ့မျက်နာလေး,
သွယ်လျတဲ့ကိုယ်လေးနဲ့ ချစ်စရာကောင်းပုံလေးတွေကတော့ ဘာပဲဝတ်ဝတ် မဖုံးကွယ်သွားပေ။
ဟိုဘက်က ၁၁နှစ်လောက်ပဲ ရှိသေးတဲ့ မင်းသမီးကတော့ လှတယ်လို့တော့ ပြောလို့မရသေးပေ။
ပတ်ဝန်းကျင်ရှိ သူများကလည်း တစ်ယောက်တစ်ပေါက်နှင့် ချူ းလျန်ကို ဝေဖန်နေကြသည်။ ချူ းလျန်လည်း ဂရုစိုက်မနေပေမယ့် ကြားတော့ကြားနေရသေးသည်။" ဘယ်လိုတောင်စက်ဆုပ်ဖို့ကောင်းလိုက်သလဲ! "
မင်းသမီးလီယောင်က စိတ်ကြီးဝင်နေသည့်အပြုံးဖြင့် ပြောလိုက်သည်။
YOU ARE READING
{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}
Historical FictionTitle :Transmigrator meets reincanator ချူးလျန်ဟာ သူမ ဖတ်နေတဲ့ ဝတ္ထု ထဲကို (အချိန်ခရီးသွား) ရောက်သွားပြီး ဇာတ်လိုက်မ နေရာကို ရသွားတယ် ဝတ္ထု ထဲမှာ ဇာတ်လိုက်မက သူ့ယောက်ျား(အရံဇာတ်ကောင်) ကိုမချစ်ပဲ လက်ထပ်ခဲ့ပြီး နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တယ် ထိုသူရဲ့ဘဝ...