Chapter 5 {1}စန်ချာ ဖျော်ခြင်း

3.6K 515 0
                                    

UNICODE

      သခင်မကြီး ဟေး လည်း ဇနီးမောင်နှံကို သူ့တို့ဘဝတလျှောက်  အေးအေးချမ်းချမ်းပဲ
ဖြတ်သန်းသွားကြဖို့ မှာကြားလိုက်သည်။
သူမ ဆက်၍ ပြောချင်သေးသော်လည်း သူမရဲ့ မြေးချွေးမလေးက ဖြူဖျော့ဖျော့ ဖြစ်နေသည့်အတွက် သူတို့ကို ဆက်၍ ဆွဲထားမနေတော့ပဲ ပြန်ခွင့်ပြုလိုက်သည်။

  သို့ပေမယ့် ဟေးချန် ပြန်ရန်ပြင်လိုက်သော်အခါ သခင်မကြီးဟေးက တားလိုက်သည်။

     " စန်းလန် , မင်းရဲ့ မိန်းမကို အရင်ပြန်ပို့
လိုက် ပြီးရင် အဖွားရဲ့ အဆောင်ကို လာခဲ့အုံး
အဖွား မင်းကို နှစ်ကိုယ်ကြား ပြောစရာ ရှိတယ် "

ဟေးချန် ခဏမျှ တောင့်တင်းသွားပြီးမှ ခေါင်း
ငြိမ့် သဘောတူလိုက်သည်။

ချူ းလျန် အကြီးတွေကို အရိုအသေ ပြုပြီးချိန်တွင်တော့ ဟေးချန်က သူမ လက်ကောက်ဝတ်ကို ကိုင်၍ ခေါ်သွားလိုက်သည်။

    ဟေးအားလန် သူ့ရဲ့ အတွေးနဲ့အတူ
"ဟက် , ညီလေး ၃ က ကြည့်တော့ အေးပြီး
သူ့ရဲ့မိန်းမကို ဖျက်လိုဖျက်စီး အလိုလိုက်ချစ်ပေမယ့် လူလို့ ထင်ရပေမယ့် နောက်ဆုံးတော့
သူက ငါတို့ထဲက တယောက်ဆိုတာ သက်သေပြသွားတာပဲ "

ဟေးDalang  (ဟေးချန်ကျီ ) ကတော့ သူ့ရဲ့ မျက်လုံးများကိုသာ လှည့်လိုက်ပြီး မျက်စောင်းတချက်သာ ပစ်လွှတ်ပေးလိုက်သည်။

ကောင်းပီ ....ကောင်းပီ ,အိမ်မှာ ဘယ်သူကမှ သူရဲ့ ထင်မြင်ချက်တွေကို လက်မခံနိုင်ကြဘူး
ဟေးအားလန် မတ်တပ်ထရပ်၍ လွှတ်လမ်းရှာရန် ပြင်လိုက်ပါသော်လည်း ဟေးချန်းကျီက
နားရွှက်ကနေ ဆွဲလျက် စာကြည့်ခန်းထဲသို့
စကားပြောရန် ခေါ်သွားလိုက်သည်။

    " ပိုင်ဝမ် မင်းရဲ့အခန်းကို ပြန်ပြီး နားလိုက်ပါတော့ အရမ်းအားစိုက်နေရင် မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး  "

ဟေးချန်တို့ ထွက်သွားတာနဲ့ သခင်မကြီးဟေးက သူ့ချွေးမကို မှာကြားလိုက်သည်။

   သခင်မ လဲ့ ရဲ့ ခန္ဓာကိုယ်ဟာ အမှန်ကို အားနည်းနေတာဖြစ်ပါသည်။ သူမရဲ့ သားလေးနဲ့ သူမရဲ့ ချွေးမ အတွက် အားတင်း၍ လက်ဖက်ရည် သောက်ပွဲကို လာလိုက်တာ ဖြစိသည်။ တစ်နာရီနီးပါးခန့် ထိုင်ပြီးနောက်တော့ သူမရဲ့ ခန္ဓာကိုယ်ဟာ ခွေခေါက်၍ လဲ ကျတော့မလို ဖြစ်နေပြီ ဖြစ်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now