Chapter 7 {2} သမင်သားစားခြင်း

3.2K 494 7
                                    

UNICODE

Chapter 7: Eating Venison (2)

ဟေးချန်ရဲ့ ချောက်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများထဲမှ အေးစက်စက် လှိုင်းတွေ ဖြတ်ပြေးနေသည်။ သူ့ရဲ့အဖွားက သူ့ကို ကျင်းချီခန်းမမှာ တွေ့ဖို့ ပြောတာတွေ ချူ းလျန်နဲ့ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းသွားဖို့ ပြောတာတွေ သူကတော့ ဒါကို ရယ်စရာတွေလို့ပဲ တွေးတယ်။

ဖြစ်နိုင်မယ်ဆိုရင် သူ့ရဲ့အတိတ်ဘဝ က အကြောင်းတွေ အားလုံးကို သူ့မိသားစုကို ပြောပြလိုက်ချင်သည်။သူသာပြောပြနိုင်ရင် အဲ့ဒီ ချူ းလျန်ဆိုတဲ့ မိန်းမက ဘယ်လောက်တောင်အရှက်မဲ့ပြီး သိက္ခာမရှိတဲ့သူ ဖြစ်ခဲ့သလဲ ဆိုတာ သူ့ရဲ့ ကြင်နာတတ်တဲ့ မိသားစုကို နားလည်သွားစေချင်သည်။

ကံမကောင်းစွာနဲ့ပဲ သူသာပြောလိုက်ရင် သူ့မိသားစုက ယုံမယ်တောင် မထင်ဘူးလေ။ မယုံတာ အသာထားအုံး သူတို့က သူကို တခုခုမှားနေပြီ (ရူးနေပြီ) လို့တောင် တွေးကြလောက်အုံးမယ်။

ဟေးချန် အတွေးလွန်လျက် မသိလိုက်စွာဖြင့် တူကို ဆုတ်ကိုင်ထားမှုကြောင့် ကျိူ းလုနီးပါူပင် ဖြစ်နေလေပြီ။

သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ပုံက ချူ းလျန်ရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။သူမက သူရဲ့ ချောမောတဲ့ ရုပ်လေးက အနည်းငယ်တွန့်နေသည်ကို တွေ့၍ နာကျင်စရာတခုခုကို ဖုံးကွယ်ထားပုံ ရသည်ဟု တွေးလိုက်မိသည်။ချူ းလျန် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
    "ယောကျာ်း .. ကိစ္စတခုခုများ ဖြစ်ခဲ့လို့လား ?"

ချူ းလျန် ရဲ့ အသံဟာ သူ့ရဲ့ တင်းထားရတဲ့ အာရုံကြောတွေကို တူနဲ့ ထုလိုက်သလိုပင်။
ဟေးချန် လည်း ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူ့ရဲ့ တည်ငြိမ်မှုကို ပြန်ရဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။

  "ဟမ် ! စားမှာသာစား ! ဒီဟင်းပွဲတွေက ယင်အိမ်မှာ စားရဖို့ ခက်တယ်မလား ! "
သူ့အေးစက်စက်အသံဟာ ရေခဲအမှတ် ရောက်ပြီလားပင် ထင်ရသည်။

အတိတ်ဘဝတုန်းက သူတို့လက်ထပ်ပြီးသွားတုန်းကတော့ သူက ချူ းလျန်ကို ကိုယ်တိုင်ကိုယ်ကျ ဘေးကနေတောင် အစားအသောက်တွေ ေဧည့်ခံလိုက်သေး။သူမ လို့ ငယ်ရွှယ်လှပတဲ့ အမျိူ းသမီးလေး စားနေတာကို ကြည့်ရတာနဲ့တင် သူ့မှာ အပျော်တွေ စို့နေပြီ ဖြစ်သည်။သူ့ရဲ့ ဇနီးငယ်လေးက မြို့စားယင် အိမ်မှာ အတော်ကို ဒုက္ခ ရောက်မှာ လို့ စဉ်းစားမိရင် စိတ်မကောင်းတောင် ဖြစ်မိသေး။စားပွဲပေါ်က ဟင်းပွဲ တဝက်လောက်ကို သူမဗိုက်ထဲ သွတ်သွင်းပြီး အထူးသဖြင့် သမင်သားကင်ကိုဆို ချီးကျူ းစကားတောင် ဆိုလိုက်သေး။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now