Chapter 66

2.1K 351 7
                                    

<Unicode>
Chapter 66: Reading Letters From Home

   ဟေးချန်လည်း ချက်ချင်းထရပ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။သူ အိမ်ရှေ့ကို သွားလိုက်တော့ သက်လတ်ပိုင်းလူကြီးတစ်ယောက်က အထုတ်ကြီးတထုတ်ကို သယ်လျက် ရပ်စောင့်နေတာ တွေ့လိုက်ရသည်။
ဟေးချန်က အိတ်ကိုယူလိုက်တော့ ထိုလူက အရိုသေပြု ပြီး မြန်မြန်ပဲ ထွက်သွားသည်။

     လဲ့ရွမ်က သူ့သခင်လေးက အိတ်ကိုင်ပြီး အတွေးနစ်နေတာကိုတွေ့၍ အကူကောင်းစွာနဲ့ သတိပေးလိုက်သည်။
   " သခင်လေး ,မြန်မြန်လေး, အထဲမှာဘာတွေ ပါလဲ ဖွင့်ကြည့်ပါအုံး!"

   ဟေးချန်လည်း အိမ်ထဲပြန်ဝင်လိုက်ပြီး အထုတ်ကို စားပွဲပေါ်မှာ တင်လိုက်သည်။ထို့နောက် အထုတ်ကိုချည်ထားတဲ့ကြိုးတွေကို ဖြေးဖြေးပဲ ဖြေလိုက်ရင်း အထဲကို ချောင်းကြည့်နေလိုက်သည်။

    ထိုအိတ်က အပြည့်ထိုးသိပ်ထည့်ထားတာဖြစ်ပြီး ထိပ်ဆုံးမှာတော့ ဆောင်းဝတ်အထည်တွေကို တွေ့လိုက်ရသည်။ ထို့နောက် အတွင်းဝတ် ဘောင်းဘီရှည်တို့ ခြေအိတ်တို့ စသဖြငိ့ ထည့်ထားသည်။ပြီးတော့ သမင်သားရေနဲ့လုပ်ထားတဲ့ဖိနပ်တစ်စုံလည်း ပါသည်။ ထိုအသားက အကြမ်းခံပြီး ရေစိုလည်းခံတဲ့အတွက် ထိုရာသီနဲ့ဆို အံကိုက်ပဲဖြစ်သည်။

   ထိုပစ္စည်းတွေကို ကြည့်ရင်း ဟေးချန်ရဲ့မျက်ဝန်းတို့ အရောင်လဲ့သွားသည်။
    လဲ့ရွမ်လည်း ထိုအဝတ်အစားတွေကို ကြည့်ရင်း သူ့သခင်လေးအတွက် ပျော်နေသည်။
  " တတိယသခင်မလေးက အရမ်းကို စေ့စပ်တာပဲ။ ဒါတွေအကုန်လုံးက သခင်လေးတကယ်လိုအပ်နေတာတွေပဲလေ"

     ချူ းလျန်က မော်ဒန်မှာဆိုလည်း ခရီးကြမ်းသွားရင် ဘာလိုအပ်သလဲဆိုတာကိုပဲ သေချာစဉ်းစားပြီး ထည့်ထုတ်လေ့ရှိတဲ့သူဖြစ်သည်။
သူမကိုယ်တိုင် ထည့်ထုတ်တာမဟုတ်ပေမယ့်လည်း အစေခံကူနဲ့ရှီးယန်တို့ စားရင်းလာပြချိန်က ယပ်တောင်တို့ ကျောက်စိမ်းခေါင်းဆောင်းတို့ အစရှိသဖြင့် မလိုအပ်တာတွေကို ဖယ်ထုတ်လိုက်ပြီး ထိုအစား ခြေအိတ်တို့ အတွင်းဝတ်တို့ အပေါ်ထပ်အတိုတို့ လက်အိတ်တို့ကို ပြောင်းထည့်ရေးပေးလိုက်သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now