Chapter 60

2.2K 346 10
                                    

Ch 60.Reply (ပြန်စာ)
🐰 Translated by Irisbellar
စာအိတ်​​ရှေ့ဘက်ခြမ်း.မှာ ရေးထားခဲ့သည့် အမဲရောင် စာလုံးများကတော့..

"သို့...
ချစ်ရပါသောဇနီး: ချူးသခင်မလေး " တဲ့။

ချူးလန်ရဲ့ နှုတ်ခမ်းထောင့်များ ကော့တက်သွားကာ သူမပြုံးပျော်နေသည်။ ဒီစာရေးနေတုန်း ဟေးချန်က သူ့ကိုယ့်သူ အပြစ် ရှိသလိုများ ခံစားခဲ့ရလို့လား ဆိုပြီး သူမတွေးထင် မိခဲ့သည်။ ရေးထားပုံက " ချစ်ရပါသော ဇနီး " တဲ့ - အင်း, ဟုတ်ပြီ။ သူတို့ ၂ယောက်ရဲ့ လက်ထက်ပွဲကို တောင် အထမြောက်အောင် လုပ်ဖို့ ဟေးချန်က စိတ်ဝင်စားခဲ့တာ မဟုတ်။ သူ့ခေါင်းထဲမှာ အသိတရား ရှိတာလား, မရှိတာလား?

ချူးလန် စာအိတ်ကို ဖြဲဖွင့်လိုက်ပြီး အထဲက စာရွက်အပိုင်းလေးတွေကို ဆွဲထုတ်လိုက်သည်။အခုတော့ သူမ .​ရေးထားတဲ့ စာတွေကို မြင်ရပြီ။  .သူတကယ်ပဲ သူမဆီကို စာတွေ တစ်ပုံတစ်ခေါင်းကြီး ရေးထားခဲ့တာပဲ။ တစ်မျက်နှာတိုင်းမှာ စာလုံးသေးသေး လေးတွေနဲ့ အပြည့်ပဲ။ အဓိပ္ပါယ် ပေါ်အောင် ချူးလန် တော်တော်လေး အနီးကပ်ကြည့်​ ယူလိုက်ရသည်။ ဒါ​ပေမယ့် ပိုကြိုးစား​ပြီး ကြည့်လေလေ သူမ မျက်မှောင် ပိုကြုံ့ လာခဲ့လေဖြစ်သည်။

ဒါဘာကြီးလဲ! ရေးထားတဲ့ လက်ရေးက အရမ်းဆိုးပြီး မကောငိးဆိုးဝါးနှင်တဲ့ အဆောင်ဂါထာ အတိုင်းပဲ! သူမတစ်လုံးမှကို နားမလည် လိုက်ဘူး။

နိုး,ခနလေး! သူမ ၂လုံးတော့ နားလည်ပါတယ်။စာရွက်ထပ်က  အနက်ရောင် စာလုံးကြီးကြီး ၂လုံး:

"ချူးလန် "ဲ! တဲ့။

စာအိတ်ပေါ်မှာသာ နွေးနွေးထွေးထွေးလေး 'ချစ်ရပါသော ဇနီး' ဆိုပြီး အတွင်းကစာမှကျ ထိပ်ဆုံးမှာ တပ်​ရေးထားတာက 'ချူးလန်' တဲ့လေ။

ချူးလန်လည်း စာကဘာအကြောင်းလည်း ဆိုတာ မဖတ်ကြည့်ရသေးပေမယ့် 'ချူးလန်' ဆိုတဲ့ ဒီ၂လုံးနဲ့တင် .ဟေးချန်တစ်ယောက်တော့.စာထဲမှာ သူမကို ကောင်းတာတစ်ခုမှ ရေးထားမှာ မဟုတ်ဘူးဆိုတာကို နားလည်လိုက်သည်။

   ချူးလျန်နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ ကံကောင်းစွာနဲ့ ဟေးချန်ဒီရဲ့ လက်ရေးစုတ်ကို သူမ မဖတ်နိုင်ခဲ့ဘူး။ မဟုတ်ရင် သူမစိတ်ဆိုး ဒေါသ ဖြစ်ရမှာကြောင့် အသက်တို နေအုံးမယ်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now