💜39💜

3K 257 175
                                    

ထယ်ယောင်းနဲ့ဂျောင်ကုတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းကြာလာဘေမဲ့ရန်လုံးဝမဖြစ်ကြဘဲ
အချစ်တွေလဲမလျော့သွားကြ ပိုတိုးလို့သာချစ်လာကြတယ်။

"taekook taeju taeboo
ကျောင်းသွားဖို့လုပ်ကြတော့ ပါးပါးကိုအင်္ကျီသွားလဲခိုင်းသွား
မားမားထမင်းချိုင့်ထည့်ထားပေးမယ်~"

"ဟုတ်ကဲ့~"

မောင်နှမသုံးယောက်မှာtaekookက9နှစ်ရှိပြီဖြစ်ပြီး
taejuက7နှစ်ဖြစ်ကာtaebooလေးက5နှစ်ရှိပြီမို့
သုံးယောက်အတူတူကျောင်းတက်ရပြီ~

"ပါးပါးသမီးလေး အင်္ကျီတွေညစ်ပေတဲ့အထိမဆော့နဲ့နော်
သမီးရဲ့မားမားလျှော်ရတာပင်ပန်းတယ်~"

"ဟုတ်ကဲ့~"

"လိမ္မာလိုက်တာ..မွ သမီးအလှည့်ပြီးပြီ
သားငယ်လေးအလှည့်အင်္ကျီလဲမယ်~"

"ငယ်ငယ်က ကိုယ့်ဖာကိုယ်ဝတ်တတ်တယ်~"

"မဝတ်တတ်သေးပါဘူး လာပါ ပါးပါးဝတ်ပေးမယ်~"

"သားကိုကြယ်သီးတပ်ပေးဦးပါးပါး~"

"ဟုတ်ပြီ ဟုတ်ပြီ~"

ကလေးသုံးယောက်ကိုတစ်လှည့်စီ
အဝတ်စားလဲပေးပြီးတော့ကျောပိုးအိတ်ကိုယ်စီလွယ်စေကာ
အောက်ထပ်ခေါ်ဆင်းလာချိန် ကလေးတွေအတွက်ထမင်းချိုင့်အဆင်သင့်ဖြစ်နေပြီ~

"ဒီနေ့ဘာဟင်းလဲမားမား~"

"အသားကင်ရယ် အရွက်ကြော်ရယ် တုန်ယမ်းဟင်းရည်ရယ်ထည့်ထားပေးတယ် သုံးယောက်လုံးကုန်အောင်စားခဲ့ရမယ်နော်~"

"မီးမီးက ကျိဥကြော်ကြိုက်တာ~"

"ငယ်ငယ်ရောဘဲ~"

"သားလဲအတူတူဘဲ~"

"မောင်နှမတွေကြက်ဥဘဲနေ့တိုင်းစားချင်နေတယ်
နေ့တိုင်းကြက်ဥထည့်ပေးလို့သူများမြင်ရင်
ငါကကပ်စီးပြီးတစ်ခြားဟင်းချက်မပေးဘူးထင်ကြဦးမှာ~"

taekookနဲ့taejuက အသားအရောင်သာကွာပြီး
ကျန်တာအကုန်တူလို့မသိတဲ့သူတွေဆိုအမွှာလို့ဘဲထင်ကြတာ~အငယ်မလေးကတော့မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းနှုတ်ခမ်းဖူးဖူးလေးနဲ့ကော်ရုပ်လေးလိုလှနေရော~

~~ငွေ့~~{Complete}Where stories live. Discover now