ထယ်ယောင်းတစ်ယောက်ဒဏ်ရာရထားတဲ့
သူ့အစ်ကိုကိုပြုစုနေချိန်ဂျောင်ကုက
ကူညီနိုင်တာတွေကူညီပေးရင်းထယ်ယောင်းအနားကနေ
လုံးဝမခွာ~"အစ်ကိုအသေးလေး မီးဖိုကိုအိုးသယ်လို့ရအောင်လုပ်ပေးပါဦး~"
"အခုလုပ်ပေးမယ်နော်..အာ့~"
စိတ်လောနေတဲ့ဂျောင်ကုက အမြန်ထသွားလိုက်ရာ
ခလုတ်တိုက်လှဲပြီမို့ထယ်ယောင်းကဘဲ
သွားထူပေးရပြီ~"ပင်ပန်နေရင်နားလေ~"
"မပင်ပန်းပါဘူး အစ်ကိုလုပ်နိုင်ပါတယ်~"
"အစ်ကိုလတ်အတွက်မို့အဲ့လောက်တက်ကြွနေတာလား~"
"မဟုတ်ဘူးမောင်..ဟင့်..အထင်မလွဲပါနဲ့
ဟင့်..မောင်ခိုင်းတာကို..လုပ်ပေးချင်ရုံပါ~""မငိုနဲ့တော့~"
ငိုရင်းပြောလာတဲ့ဂျောင်ကုကိုဖက်ထားပေးလိုက်တဲ့ထယ်ယောင်းက ဒီအချိန်ဟာသဝန်တိုနေရမယ့်အချိန်မဟုတ်မှန်းသိဘေမဲ့ သူ့အစ်ကိုလတ်နဲ့ဂျောင်ကုကိုဖက်လျှက်အနေထားမှာတွေ့ထားရတော့စိတ်ကမကျေနပ်နိုင်~
"ဒီညဒီမှာအိပ်ရမှာ ဟိုမှာကအစ်ကိုလတ်ကို
ဂျပန်တွေရှာနေကြတာမို့ပြန်လို့မရသေးဘူး~""ရပါတယ် နောက်မနက်မှအတူတူပြန်ကြတာပေါ့~"
"အစ်ကိုအသေးလေးပင်ပန်းနေပြီလား~"
"မပင်ပန်းပါဘူး ဘာမှလုပ်ရတာပါ့မဟုတ်တာ~"
"အဲ့တာကိုပြောတာမဟုတ်ဘူး~"
"ဒါဆိုဘာလဲမောင်ရဲ့~"
"ကျွန်တော်နဲ့နေရတာပင်ပန်းပြီလားလို့~"
"ဘာလို့ပင်ပန်းရမှာလဲမောင်ရယ် အစ်ကိုကမောင်နဲ့နေရရင်ပျော်နေတဲ့သူပါ~"
"လိမ်ပြောဖို့မလိုပါဘူး အစ်ကိုလတ်ကချောတယ် ပြီးတော့
သူ့ရဲ့အပြုအမူတွေကနူးညံ့တယ် ကျွန်တော်နဲ့တစ်ခြားစီဘဲ
အစ်ကိုအသေးလေးသဘောကျမယ်ဆိုရင်တောင်
သဘောကျသင့်ပါတယ်~""မောင်~~မောင်အထင်လွဲနေပြီ
အစ်ကိုကမောင့်ကိုဘဲချစ်တာ မောင်ကလွဲပြီး
ဘယ်သူ့ကိုမှချစ်လို့မရဘူး~"
YOU ARE READING
~~ငွေ့~~{Complete}