ဂျောင်ကုကကျောကဒဏ်ရာကြောင့်
အနောက်ဆောင်မပြန်ရဘဲထယ်ယောင်းအခန်းထဲမှာဘဲ
ထယ်ယောင်းနဲ့အတူနေရသလို့ အပြင်ဘက်ဒူးထောက်နေရတဲ့အစေခံတွေလဲထယ်ယောင်းရဲ့အမိန့်မရလို့ဘယ်သူမှမထရ~"ဗိုက်ဆာပြီလားအစ်ကိုအသေးလေး~"
"အင်း နည်းနည်း~"
"အဲ့တာဆိုခနလေးစောင့်နေနော် ထမင်းပြင်ခိုင်းလိုက်မယ်~"
"ရပါတယ်မောင်ရဲ့ အနောက်ဆောင်ကိုပြန်ပြီးစားလိုက်ပါ့မယ်~"
"မပြန်ရဘူးလို့ပြောထားတယ်လေ~"
"အင်းပါ~"
ထယ်ယောင်းအသံကမာလာတာမို့ဂျောင်ကုလဲ
ငြိမ်နေပေးလိုက်တော့ထယ်ယောင်းကသူ့ကို
long coatခြုံပေးကာအပြင်ထွက်သွားပြီး
ဒူးထောက်ခိုင်းထားတဲ့အစေခံမဟုတ်ဘဲတစ်ခြားအစေခံတွေကိုသူ့အခန်းထဲထမင်းဝိုင်းပြင်ခိုင်းလေရဲ့~"အစ်ကိုဂျောင်ကု ဘယ်လိုလုပ်~~"
"အဖွားကို ငါဒီညပြန်မအိပ်ဘူးလို့ပြောပေးဦး~"
"ဘာဖြစ်လို့လဲ ကျောက........
"ကိုယ့်အလုပ်ကိုယ်လုပ်ပြီးသွားတော့လေ
ဘယ်သူကစကားပြောခိုင်းထားလို့လဲ~""တောင်းပန်ပါတယ်သခင်လေး~"
ထမင်းဝိုင်းပြင်မယ့်စားပွဲကိုသန့်ရှင်းရေးလာလုပ်တဲ့ကောင်လေးကဂျောင်ကုနဲ့သာမာန်ဆက်ဆံရေးဆိုဘေမဲ့
ထယ်ယောင်းကလုံးဝသဘောကျပုံမပေါ်တာကြောင့်
ဂျောင်ကုမှာအသံတောင်မထွက်ရဲ~"လက်အရင်ဆေးတာကောင်းမယ်ထင်တယ်
ခနကဆေးတွေကိုင်ထားတာမဟုတ်လား~""ဆေးလိုက်ပါ့မယ် မောင်လဲဆေးမယ်မဟုတ်လား~"
"အွန်း~"
ထယ်ယောင်းကလက်ဆေးဖို့အတွက်သုံးနေကျ
ရွှေနဲ့ကြေးနီရောစပ်ပြုလုပ်ထားတဲ့ဇလုံကိုသုံးတော့
ကျေးကျွန်ဖြစ်သူဂျောင်ကုကတော့မသုံးရဲ~"လက်မဆေးဘဲဘာလုပ်နေတာလဲ
ငါဆေးပေးတဲ့အထိစောင့်နေတာလား~""မ..မဟုတ်ပါဘူး~"
*မောင်ကစိတ်ဆိုးနေတဲ့ပုံဘဲ ဒါဘေမဲ့ဘာလို့လဲ~*
ဂျောင်ကုကထယ်ယောင်းစိတ်ဆိုးနေမှန်းသိလို့
လက်အမြန်ဆေးပြီးထမင်းစားပွဲမှာ
မျက်နှာချင်းဆိုင်ထိုင်လိုက်ဘေမဲ့ဟင်းမနှိုက်ရဲဖြစ်နေပြန်ပြီ~
YOU ARE READING
~~ငွေ့~~{Complete}