💜21💜

2.8K 292 224
                                    

ကလေးမွေးပြီးလေးရက်မြောက်နေ့မှာ
ဂျောင်ကုကထယ်ယောင်းရဲ့ကရုစိုက်မှုကြောင့်
လူရောစိတ်ပါထူထူထောင်ဖြစ်လာပြီမို့ အဒေါ်ကြီးတွေလဲ
အဖွားအကြောင်းပြောပြဖို့ဆုံးဖြတ်ကြရပြီ~

"မားမားသားလေးရေ မားမားဆီလဲလာပါဦး
ပါးပါးဆီမှာဘဲနေနေတယ်...မွ~"

"အဒေါ်ပြောစရာရှိတယ်ဂျောင်ကု~"

"Naeပြောလေဒေါ်လေး ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး~"

"ဟူးး..စိတ်ခိုင်ခိုင်ထားနော်ဂျောင်ကု~"

"ဘာဖြစ်လို့လဲအဒေါ်ကြီးရဲ့ စိတ်တောင်ပူလာပြီ~"

"အဖွားဆုံးပြီဂျောင်ကု~"

"ဗျာ~~"

အံ့သြထိတ်လန့်မှုကြောင့်
လက်ထဲကပွေ့ထားတဲ့ကလေးတောင်လွတ်ကျသွားလို့
ထယ်ယောင်းအမြန်လေးပွေ့ဖမ်းထားလိုက်ရတယ်။

"အစ်ကိုအသေးလေး သတိထားဦး~"

"မ..မဖြစ်နိုင်ဘူး..အဖွားကိုတွေ့ချင်တယ် အခု~"

"တွေ့ရမှာပေါ့ လာ ဖြည်းဖြည်းထ~"

"ကလေးခေါ်ထားပေးပါဦး~"

ဂျောင်ကုရဲ့အခြေနေကစိုးရိမ်ရတာမို့
ထယ်ယောင်းတစ်ယောက်ကလေးကိုအဒေါ်ကြီးတစ်ယောက်ဆီပေးပြီး သူကဂျောင်ကုကိုတွဲထူပေးလေရဲ့~

"အ..အဖွား~"

"သတိထားဦး သတိမလွတ်သွားစေနဲ့~"

သူ့အဖွားရဲ့အလောင်းကိုမြင်ချိန်မှာ
ဂျောင်ကုတစ်ယောက်မျက်ရည်အသွင်သွင်စီးကျလာပြီး
ဒူးထောက်လဲကျကာ
ပုပ်သိုးပျက်စီးမှုမရှိသေးတဲ့သူ့အဖွားအနားသို့~

"အဖွား...ထပြီး ကျွန်တော့်ကိုကြည့်ပါဦး
အဖွားအိပ်နေတာမလား~"

"ဂျောင်ကု~~"

"အဖွား!..အားး...အီးးးဟီးးး~"

"စိတ်ထိန်းပါကွယ်~"

"အဖွား...ဟင့်...အဖွားရဲ့စကားကို..ဟင့်
နားမထောင်တဲ့ဒီမြေးကို..ဆုံးမစကားတွေပြောပါဦး~"

"................"

"အဖွားပြောတော့..ကျွန်တော့်လက်ကိုဘယ်တော့မှမလွတ်ဘဲ
အမြဲဆုပ်ကိုင်ထားမယ်ဆို...အီးးဟီးးး~"

~~ငွေ့~~{Complete}Where stories live. Discover now