💜36💜

2.9K 280 210
                                    

Taekookအသက်လေးနှစ်ကျော်taejuအသက်နှစ်နှစ်ကျော်မှာဂျောင်ကုရဲ့တတိယမြောက်ဗိုက်ကမွေးခါနီးဖွားခါနီးဖြစ်နေပြီ~

"တိုတို သွားနဲ့~"

"လာခဲ့ညီညီလေး~"

အဖေဖြစ်သူကအလုပ်ကိစ္စနဲ့အပြင်သွား
အမေဖြစ်သူကဗိုက်တစ်လုံးနဲ့အိမ်အလုပ်တွေလုပ်နေချိန်
taekookကသူ့ညီကိုခေါ်ပြီး အိမ်နောက်အမှိုက်ကျင်းဆီမှာ~

"ရာဘူး မားမားရိုက်~"

"မရိုက်ဘူး ရိုက်ရင်ကိုကိုကာကွယ်ပေးမယ်~"

"taekook taejuလာခဲ့စမ်း လာခဲ့စမ်း
အဲ့အမှိုက်ကျင်းကိုမသွားနဲ့လို့ပြောထားတယ်မဟုတ်လား~"

"မားမား တိုတိုထော်~"

"ညီလေးကိုခေါ်ပြီးသွားပြန်တာလား
ရိုက်ဦးမယ်လာစမ်း~"

"ရိုက်နဲ့...အီးးဟီးးး~"

အပြစ်လုပ်ရင်ထိတ်ဆုံးကငိုရင်လဲသူအရင်taekookက
ဂျောင်ကုတစ်ခါမှမရိုက်ဖူးဘေမဲ့
ရိုက်မယ်ပြောလိုက်ရင် အနားတောင်မရောက်သေးဘူးငိုပြီ~

"အဲ့လိုမျိုး မရိုက်ရသေးခင်ငိုတာကိုမကြိုက်တာ
လာခဲ့ နောက်တစ်ခေါက်အဲ့ကိုသွားရင်တကယ်ရိုက်တော့မှာ~"

"ဟင့်~"

"တိုတို နိုနဲ့ မားမားရိုက်ဘူး~"

"လာ လာ နှစ်ယောက်လုံး~"

ဗိုက်ဖောင်းဖောင်းနဲ့ဂျောင်ကုက
သူ့သားနှစ်ယောက်ကိုလက်တစ်ဖက်ဆီတွဲပြီး
အိမ်ထဲဝင်လာတော့ အသက်နှစ်နှစ်သာကွာကြတဲ့
taekookနဲ့taejuကအမွှာတွေလိုအရပ်ကအတူတူ
ရုပ်ကလဲအတူတူ~

"သားတို့ရေ ပါးပါးဘာဝယ်လာလဲကြည့်ပါဦး~"

"ပါးပါးပြန်လာပြီ အရုပ်လဲပါလာတယ်
မုန့်လဲပါတယ်~"

"အဟား...ပါးပါး ပါးပါး~"

taekookနဲ့အရွယ်တူနေဘေမဲ့
အသက်ငယ်သေးတဲ့taejuလေးက
လမ်းသွားအရမ်းမမာသေးသလိုစကားလဲမပီသေး~

"Aigoo သားကြီးရောက်ပြီ..မွ
သားငယ်လေးလဲရောက်တော့မယ် မြန်မြန်လာ~"

"အဟ...ခိခိ..ခစ်ခစ်~"

"အိုး တော်လိုက်တာ ကိုကိုနဲ့အတူတူရောက်လာပြီဘဲ..မွ~"

~~ငွေ့~~{Complete}Where stories live. Discover now