💜23💜

3K 292 163
                                    

ကလေးငိုလို့တစ်ညလုံးကောင်းကောင်းမအိပ်ရတဲ့
ဂျောင်ကုဟာပင်ပန်းနွမ်းနယ်စွာနဲ့မီးဖိုအလုပ်ကူတော့
စိတ်မပါလက်မပါ~

"ပင်ပန်းနေရင်နားလေဂျောင်ကု~"

"ရတယ်အဒေါ်ကြီး ကျွန်တော်အဆင်ပြေပါတယ်~"

"ကလေးငယ်နဲ့ဆိုတော့ အဲ့လိုပါဘဲ
ပင်ပန်းတယ်မဟုတ်လား~"

"သားသားကအရင်နေ့ညကမငိုဘူး မနေ့ညကမှ
အရမ်းငိုနေတာ~"

"အေး ငါတို့လဲကြားတယ် ကလေးက
နေ့နဲ့ညမှားနေတာလားမသိဘူး နေ့ဘက်အိပ်တဲ့အခါ
ဘေးမှာမီးထွန်းထားပေးလိုက်ပါလား~"

"ဟုတ်ကဲ့ လုပ်လိုက်ပါ့မယ်~"

ဂျောင်ကုက ကလေးအပူမိ
ထယ်ယောင်းကအခန်းထဲမှာတစ်ယောက်တည်း
သေလုမြောပါးဖြစ်နဲ့ ဘယ်သူမှအဆင်ပြေမနေကြ~

"ရှင်သေတော့မလို့လား မသေနဲ့ဦးနော်
လုပ်စရာအလုပ်တွေအများကြီးကျန်သေးတယ်~"

"..............."

"ဟာ့~စကားတောင်မပြောနိုင်တော့ဘူးလား
ဒီမှာအကိုက်ခဲပျောက်ဆေး အဲ့တာသောက်ပြီး
အသက်ရှင်နေ~"

Wakanaက အကိုက်ခဲပျောက်ဆေးဗူးလိုက်ကို
ထယ်ယောင်းဘေးချထားပြီးထွက်သွားတော့ထယ်ယောင်းလဲ
အားတင်းကာဆေးဘူးကိုယူဆေးသောက်ရတယ်။

*ငါသေလို့မဖြစ်သေးဘူး ဆက်ပြီးရှင်သန်ရမယ်~*

"အကျင့်ပုပ်လေးရေနိုးပြီလား ရေချိုးကြမယ်နော်~"

အိပ်ယာနိုးလာတဲ့သားဖြစ်သူကိုဂျောင်ကုက
ရေချိုးပေးပြီးနို့တိုက်တော့ မကြာပါဘူးပြန်အိပ်ပျော်သွားပြီမို့
ပိုးတဘက်နဲ့ချည်ပိုးထားရပြီ~

"အဒေါ်ကြီး ကျွန်တော်စျေးထဲသွားဦးမယ်နော်~"

"ဘာသွားလုပ်မလို့လဲကွဲ့~"

"သားသားကိုအင်္ကျီသွားဝယ်မလို့ အခုသားသားက
လက်တွေကိုအနှီးနဲ့အထုပ်မခံတော့လို့လေ~"

"အော် အေအေ ပိုက်ဆံရောရှိရဲ့လား
မရှိရင်လာယူနော်~"

"ရှိတယ်အဒေါ်ကြီး အဖွားထားခဲ့တာကို~"

~~ငွေ့~~{Complete}Where stories live. Discover now