ထယ်ယောင်းဆီကသူစိမ်းဆန်မှုတွေရပြီးနောက်
ဂျောင်ကုကထယ်ယောင်းကိုတွေ့ရဖို့မကြိုးစားတော့ဘဲ
ထယ်ယောင်းစာလုပ်ရင်းစားဖို့မုန့်လေးတွေ
အချဥ်သီးသုပ်လေးတွေကိုသာ အစေခံကောင်လေးကနေတစ်ဆင့်ပေးခိုင်းတော့တယ်။"အစ်ကိုလုပ်တာလို့မပြောနဲ့နော်~"
"ဟုတ်ကဲ့ပါ နေ့တိုင်းမှာနေတာမို့မှတ်မိနေပါပြီ
ပြီးတော့သခင်ငယ်လေးကတစ်ခါမှဘယ်သူလုပ်တာလဲလို့မမေးဘူး~""ဟုတ်လား အင်းပါ အဲ့တာလဲကောင်းပါတယ်
သွားတော့လေ မုန့်တွေအေးတော့မယ်~""Nae~"
အခုရက်ပိုင်းထယ်ယောင်းလဲစာမေးပွဲနဲ့အလုပ်ရှုပ်နေသလို
ဂျပန်တွေလဲအိမ်တော်ထဲအဝင်အထွက်ရှုပ်နေတာမို့
ဂျောင်ကုတို့အနေကျုံ့တာအမှန်~"ဂျောင်ကုလာ ဆေးသောက်လာဦး~"
"ဟုတ်ကဲ့~"
သူကိုယ်ဝန်ရှိကတည်းကအဒေါ်ကြီးတွေက
ကိုယ်ဝန်သည်အားဆေးဆိုပြီးပြုတ်တိုက်လိုက်ကြတာ
ဘာတွေဘာတွေမှန်းတောင်မသိ~"ယောကျာ်းလေးလဲဖြစ်တစ်ဦးလဲဖြစ်ဆိုတော့
ဗိုက်ကသိပ်ထွက်မှာမဟုတ်လောက်ဘူး~""ဟုတ်လား ကျွန်တော်တော့မွေးလာမယ့်ကလေးအတွက်စိတ်လှုပ်ရှားနေပြီ~"
"မွေးဖို့အဝေးကြီးလိုသေးတယ်~"
"ဟုတ်သားဘဲ ကျွန်တော်က
နာမည်တောင်စဥ်းစားနေပြီ..ဟီးဟီး~"ထယ်ယောင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေတာကြောင့်
ဂျောင်ကုပျော်နေဘေမဲ့ ထယ်ယောင်းကသူ့ကို
လုံးဝအရေးမလုပ်တော့တဲ့အတွက်ကြောင့်တော့ဝမ်းနည်းမိတာအမှန်~"သခင်လတ်ကိုထမင်းပို့ပေးသေးလားအဖွား~"
"သခင်လတ်ကကျောက်ဂူကနေထွက်သွားပြီ
အိမ်တော့ပြန်လာဦးမှာမဟုတ်ဘူး~""အော် ဒဏ်ရာသက်သာသွားပြီနေမှာပေါ့~"
တစ်ယောက်တည်းနေရင်ထယ်ယောင်းအကြောင်းတွေးရင်း
ဝမ်းနည်းတာမို့ သူ့အဖွားရယ်အဒေါ်ကြီးတွေရယ်နဲ့အတူနေတဲ့ဂျောင်ကုက စကားမရှိစကားရှာပြောနေတော့တာ~
YOU ARE READING
~~ငွေ့~~{Complete}