ထယ်ယောင်းရဲ့မင်္ဂလာဆောင်သတင်းနဲ့
မိသားစုရဲ့အကြောင်းကိုပြန်ကြားရတဲ့သခင်လတ်က
သူ့အတွက်အခြေနေငြိမ်နေချိန်မှာအိမ်ပြန်လာခဲ့လိုက်တယ်။"ကိုလေး~~"
"စကားပြောရအောင်~"
အိမ်ထဲဝင်တာနဲ့ထယ်ယောင်းနဲ့ထိတ်တိုက်တွေ့ချိန်မှာ
သခင်လတ်ကထယ်ယောင်းကိုလူရှင်းရာနေရာဆီခေါ်သွားလေပြီ~"ဘယ်လိုတွေဖြစ်ကုန်တာလဲအငယ်လေး
အဖေနဲ့အစ်ကိုကြီးကလဲဒုက္ခိတတွေဖြစ်
မင်းကလဲဂျပန်မနဲ့လက်ထပ် ဘာတွေဖြစ်နေကြတာလဲ~""နောက်တစ်ခုရှိသေးတယ် အစ်ကိုအသေးလေးမှာကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်~"
"ဘာ??"
"ဟုတ်တယ် အဖြစ်အပျက်တွေကမြန်ဆန်လွန်းလို့
ဘာတွေဖြစ်သွားမှန်းမသိလောက်အောင်ဘဲ~"ထယ်ယောင်းကဖြစ်ပျက်ခဲ့သမျှအကုန်
သူ့အစ်ကိုကိုပြောပြတော့ သူ့အစ်ကိုပါ
ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်အထိ~"အစ်ကိုကြီးနဲ့အဖေကိုထွက်ပြေးခိုင်းခဲ့သင့်တာ~"
"ပြေးဖို့နေနေသာသာ အပေါ့စွန့်သွားရင်တောင်
ဂျပန်တွေကလိုက်နေတာ အဖေဆိုသူ့ကိုယ်သူသတ်သေဖို့လုပ်တာတောင်မအောင်မြင်ဘူး~""အားလုံးချောင်ပိတ်မိနေတာဘဲ~"
"ဟုတ်တယ် အဖေနဲ့အစ်ကိုကြီးကတာဝန်ကနေရပ်ဆိုင်းခံထားရပြီး ကျွန်တော်ကမြို့အုပ်မင်းရာထူးတာဝန်ကိုထမ်းဆောင်နေရတာတစ်လရှိပြီ သူတို့ဖြစ်ချင်သမျှကိုခိုင်းဖို့
အဖေနဲ့ကိုကြီးကမကြာခနနှိပ်စက်ခံရတယ်~""မင်းကိုချယ်လှယ်နေတာဘဲ ဂျောင်ကုအကြောင်းရော
သူတို့သိလား~""မသိအောင်ကြိုစားနေထားတာမို့ အစ်ကိုအသေးလေးကအန္တာရယ်ကင်းနေတယ်~"
"တော်သေးတာပေါ့ မဟုတ်ရင်မလွယ်ဘူး~"
"အခုကိုလေးရောက်လာပြီဆိုတော့
ကိုလေးကကျွန်တော့်ကိုချည်ဖို့ကြိုးတစ်ချောင်းဖြစ်လာတော့မယ်~""အဲ့လိုအဖြစ်မခံဘူး ငါနဲ့ခြိမ်းခြောက်ခဲ့ရင်
ငါသေရင်သေသွားပါစေမျက်စိစုံမှိတ်ငြင်းပစ်လိုက်~"
YOU ARE READING
~~ငွေ့~~{Complete}