ထယ်ယောင်းရဲ့ခြေလှမ်းတိုင်းကိုလိုက်စုံစမ်းနေတဲ့Wakanaနဲ့သူ့လူတွေကြောင့်ထယ်ယောင်းမှာ
သူလက်စွပ်ပေးပြီးနောက်ပိုင်း
ဂျောင်ကုဆီကိုခြေလှမ်းမလှမ်းရဲတော့~
"ငါတကယ်စိတ်ညစ်လာပြီကွာ~"
Wakanaနဲ့ဂျပန်စစ်သားတွေ
သူတို့ဂျပန်လူမျိုးတွေရဲ့ရိုးရာပွဲတော်သွားကြချိန်မှာ
ထယ်ယောင်းနဲ့သခင်လတ်တို့စာကြည့်ခန်းထဲခိုးတွေ့ကြပြီ~
"ကျွန်တော်လဲဘာဆက်လုပ်ရမလဲမစဥ်းစားတတ်တော့ဘူး~"
"တကယ်ကွာ သူ့ဆီကနေငါလိုချင်တဲ့သတင်းအစအနတွေရတာတော့ကောင်းဘေမဲ့ တစ်ချိန်လုံးအလုပ်ခံချင်နေတဲ့သူ့ကြောင့်တော့စိတ်ညစ်ရတယ်~"
"သူကအစ်ကိုလေးကိုတော်တော်ကြွေနေတာဘဲ
သူတို့ရဲ့အတွင်းရေးကိုတောင်ပြောပြတယ်ဆိုတော့~"
"မထင်နဲ့ သူကငါ့ကိုစမ်းသပ်နေတာ
ငါကသူလျှိုဟုတ်မဟုတ်လေ ပြီးတော့သိထားလိုက်
ဂျပန်မတွေကဘယ်တော့မှကိုရီးယားကောင်တွေကိုမကြိုက်ဘူး ငါတို့မှာသူတို့လိုချင်တဲ့စွမ်းဆောင်ရည်မရှိဘူးလေ~"
"ဒါဆို တစ်ခြားအကြံလေးစဥ်းစားကြည့်ရအောင်ပါ
ဒီအတိုင်းဆို ကိုလေးလဲလုံးပါးပါးတော့မယ်
အခုတောင်တစ်လနီးနီးရှိပြီမဟုတ်လား~"
"အေးကွာ ငါ့မှာလဲအကြံကတော့မရှိဘူး ဒါဘေမဲ့
အဖေနဲ့ကိုကြီးကို ဒီနေရာကနေခေါ်ထုတ်သွားနိုင်ရင်တော့
အသက်ရှူရှောင်ပြီ~"
"ခေါ်ထုတ်ဖို့ကမဖြစ်နိုင်ဘူး~"
"အဲ့တာတော့ဟုတ်တယ် သေမှဘဲရတော့မှာ
တစ်ခြားနည်းလမ်းမရှိဘူး~"
"သေမှ? နေဦးကိုလေး
ကျွန်တော်ပြန်လာမှာမို့စောင့်နေ~"
"စောင့်နေလို့မရဘူး ငါတို့အစေခံတွေထဲမှာWakanaရဲ့လူတွေရှိတယ် ငါတို့ခနခနတွေ့လို့မဖြစ်ဘူး
ပြောစရာရှိတာကိုစာရေးပြီး သုံးခန်းမြောက်အခန်းရှေ့ကပန်းအိုးထဲထည့်ထားလိုက်~"
"ကောင်းပြီ အဲ့တာဆိုကျွန်တော်သွားနင့်မယ်~"
ပြောပြီးတာနဲ့ထယ်ယောင်းကအခန်းပြင်ထွက်
အနောက်ဆောင်ဆီပြေးသွားပြီး
ဂျောင်ကုအဖွားဆီသွားရာဂျောင်ကုကိုပါတွဲမြင်လိုက်ရတာမို့နှလုံးသားကခုန်ပေါက်နေရောဘဲ~
YOU ARE READING
~~ငွေ့~~{Complete}