ဂျောင်ကုတစ်ယောက် ပုံမှန်အိပ်ယာထချိန်အစောကြီး
အိပ်ယာနိုးလာတော့သူကထယ်ယောင်းရင်ခွင်ထဲမှာမို့
ပြုံးရင်းထယ်ယောင်းမျက်နှာကိုငေးကြည့်နေကာ
ခနကြာတော့အိပ်ယာပေါ်ကထပြီးအနောက်ဆောင်ဆီသို့~
"ငါ့မြေး ကျောကဒဏ်ရာတွေကဘယ်လိုဖြစ်တာလဲ
ဘယ်သူလုပ်တာလဲအဖွားကိုပြောစမ်း~"
"အိမ်တော်ရဲ့အစေခံတွေပါ ဘာမှစိတ်မပူပါနဲ့အဖွား
သခင်ကြီးရောသခင်ငယ်လေးပါသူတို့ကို
အပြစ်ပေးပြီးပါပြီ~"
"ဟူးး အိမ်တော်ကိုသိပ်မသွားနဲ့ သွားရင်လဲအခုလို
ညလုံးမပေါက်စေနဲ့ အဖွားစိတ်ပူတယ်~"
"ဟုတ်ကဲ့ပါအဖွား အဖွားကိုစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်~"
"ထားတော့ သွား ဆေးသွားယူခဲ့ ကျောကဆေးလိမ်းရအောင်~"
"Nae~"
သူ့ကိုအရမ်းစိတ်ပူတတ်တဲ့သူ့အဖွားကို
ဂျောင်ကုအားနာမိဘေမဲ့ထယ်ယောင်းကိုလဲ
မလွန်ဆန်နိုင်တာမို့ဂျောင်ကုဗျာများရပြီ~
"Appa ကျွန်တော်ပြောစရာရှိတယ်~"
"အင်းပြောလေ ဘာပြောမှာလဲ~"
မနက်စာစားနေကြရင်းစကားစလာတဲ့ထယ်ယောင်းက
ညကဂျောင်ကုနဲ့ထမင်းစားရင်းပြောခဲ့တဲ့အကြောင်းတွေကို
တွေးရင်းစိတ်ထဲသူကယောကျာ်းလေးကိုသဘောကျတာလားဆိုတာကိုသိချင်နေတာအမှန်~
"ကျွန်တော့်ကျန်းမာရေးပြန်ကောင်းလာပြီဆိုတော့လေ
သေချာအောင်မိန်းမတစ်ယောက်နဲ့စမ်းကြည့်ချင်တယ်~"
"အဲ့လိုလား ရတာပေါ့ ညကျရင်ဆောင်ကြာမြိုင်က
အထက်တန်းလွှာရွှေကြာကိုခေါ်ပေးမယ်~"
"Nae appa~"
"ငါတို့အငယ်လေးတောင်ယောကျာ်းဆန်ချင်လာပြီဘဲ~"
"မဟုတ်ပါဘူး ဒီတိုင်းတကယ်ကျန်းမာရေးကောင်းလားသိချင်ရုံပါ~"
"လုပ်ရောလုပ်တတ်လို့လားနော်~"
"အကိုကြီးကလဲ စာတွေ့နဲ့သွားရမှာပေါ့~"
"ဟားဟားး အေးပါ အေးပါ ကရုစိုက်ဦး~"
ထို့နောက်ရယ်ရယ်မောမောနဲ့မနက်စာဆက်စားကြပြီး
ထယ်ယောင်းကကျောင်းသွားဖို့ပြင်ကာ
ကျောင်းမသွားသေးဘဲအရင်ဆုံးဂျောင်ကုဆီသွားလေရဲ့~
YOU ARE READING
~~ငွေ့~~{Complete}