Part 34 (Final)

4.6K 430 85
                                    

Recommended song - 'Listen to the Radio' by Don Williams

Unicode~

​နေညိုညို​နေရီရီ ​လေသာ​သော အချိန်။ ​တိမ်ကင်းစင်​သော ​ကောင်းကင်ပြာပြာ​ပေါ် သင်းကွဲငှက်တို့ အိမ်ပြန်သည်ကို ​တွေ့ရသည်။

ဝရန်တာမှ ထွက်ကြည့်လျှင် မြင်ရ​တွေ့ရ​သော ကြည်လဲ့လဲ့​​ရေကန်ပြင်ကလည်း ​လေနုနု​အေး​အေးကို သယ်​​ဆောင်လာ​ပေးသည်။ ခါးတစ်ဝိုက်ကို ရစ်ပတ်သွယ်ဝိုက်လာ​သော တက်တူးအပြည့်နှင့်လက်ဖျံ​တောင့်​တောင့်တင်းတင်းရယ်​ကြောင့် အပြုံးတစ်ပွင့်က နှုတ်ခမ်းထက်မှာ ချိတ်ဆွဲထားပြီးလျက်သား။

"ဘယ်လိုလဲ ​အော်စတင်က။ ​ပျော်ဖို့​ကောင်းရဲ့လား"

"အင်း.. ​အေးချမ်း​နေတာပဲ မြို့​လေးက။ အထူးသဖြင့် ​မောင်သွားဖူးတဲ့​နေရာ​တွေဆို ပိုသ​​ဘောကျတယ်"

"​​​ခြောက်နှစ်​တောင်ဆိုမှ​တော့ မသွားဖူးတဲ့​နေရာက မရှိသ​​လောက်ပါပဲ။ မျက်ခြယ်​တော့ ​နေရာတိုင်းကို သ​ဘောကျရ​တော့မှာ"

​အော်စတင်မှာ​နေရသည့် ​လေးငါးရက်အတွင်း ​နေရာအ​တော်နံ့သွားသည်ဟူဆိုရမည်။ ပူ​နွေးစိုစွတ်​သော ရာသီဥတုက ညခင်းမှာ ​ရွာကျလာ​လေ့ရှိ​သော မိုးစက်များနှင့် သင့်​တော်လိုက်ဖက်လှသည်။ ​​အင်မတန်လည်း​နေချင်စဖွယ်​ကောင်းသည့်မြို့​လေး။

"ဒရိုက်ဘာကြီး​ရော ပြန်သွားပြီလား"

"အင်း.. မနက်ဖြန်ပြန်​တော့မှာဆို​တော့ ဒီ​နေ့တည်းက ကားခရှင်းထားလိုက်တာ။ ဒါ​တောင်သူက ငြင်း​နေ​သေးတာ။ ​ရောက်တုန်း​ရောက်ခိုက်ပို့​ပေးရတာ သူ့အတွက်အပန်းမကြီးပါဘူးတဲ့"

"ဒါ​ပေမဲ့ ဘယ်​ကောင်းပါ့မလဲ။ ​​နေရာစုံကို​နေ့တိုင်းပို့ရတာ လွယ်တာမှမဟုတ်"

"အင်း​​လေ အဲဒါ​ကြောင့် အတင်းထိုး​ပေးခဲ့တယ်"

​မောင့်ဒရိုက်ဘာကြီးက ရင်းနှီးဖွယ်​ကောင်းပြီး စိတ်လည်းရှည်သည်။ ဘယ်​နေရာသွားချင်တယ်ဆိုဆို နီးနီး​ဝေး​ဝေး မငြိုမငြင်ပို့​ပေးရှာသည်။ ​ရောက်တုန်း​ရောက်ခိုက် သူ့မိသားစုနှင့်လည်း မိတ်ဆက်​ပေးခဲ့​သေးသည်။ ကိုယ်ထင်ထားသလိုပင် မိသားစုဝင်ဦး​ရေက ခပ်များများ၊ အိမ်မှာဆူညံပွက်​လောရိုက်​နေပြီး က​လေး​တွေကလည်းအရွယ်စုံဆိုဒ်စုံ။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now