Part 31

2.2K 342 36
                                    

Unicode~

ကပ်နီးလာ​သော မင်္ဂလာရက်မြတ်နှင့်အတူ Taehyungမှာ နှလုံးခုန်သံတို့ ခပ်မြန်မြန်ရိုက်ခတ်လျက်ရှိသည်။

အိမ်​ထောင်သည်တစ်​ယောက်ဖြစ်​တော့မည့်အ​ရေးကို သူ့ကိုယ်သူမယုံနိုင်​သေး။ သူ့ဘဝတစ်ခုလုံးကို ​မောင်ဆိုသည့်အမျိုးသားတစ်​ယောက်ထံ အပ်နှင်းရ​​တော့မည်။ ချစ်သူသက်တမ်းတ​စ်​​လျှောက် အမြဲအသင့်ဖြစ်ခဲ့ပါလျက် တကယ်တမ်းလက်ထပ်ရ​တော့မည်လည်းဆို​ရော အိပ်မက်လိုလို၊ စိတ်ကူးယဥ်ဆန်သလိုလို။

​လေထုကို ​ဖြေး​ဖြေးမှန်မှန်ရှူရှိုက်ရင်း စိတ်ကိုတည်​စေပါ​သော်လည်း ​နောက်တစ်​နေ့မင်္ဂလာပွဲအတွက် သူ့မှာစိတ်ခုန်ရင်တုန်​နေမိဆဲ။ တန်ဖိုးကြီး​သော စိန်တစ်ပွင့်ကို လက်သင့်ခံရ​တော့မည့်လူတစ်​ယောက်မှာ တာ​ဝန်တနင့်တပိုးနှင့် စိုးရိမ်စိတ်​တွေ ပြည့်​နေကဲ့သို့ပင်။ ထိုက်တန်ပါရဲ့လား၊ သင့်​တော်ပါရဲ့လား.. စသဖြင့် ရတက်မ​အေးနိုင်။

"ရင်ခုန်​​နေတာလား အဲဒီ​လောက်​တောင်"

​မောင့်အသံတိုးတိုးကို နားနားမှာ သဲ့သဲ့က​လေးကြားရမှ အသက်ရှူ​ချောင်​တော့သည်။ စိတ်လှုပ်ရှားရခြင်း​ကြောင့် နံ​ဘေးနားတစ်​နေကုန်ရှိ​နေ​သော ​မောင့်ကိုပင် ​​မေ့​လျော့​လုလု။ စကားများများ​ပြော​ပေးလှည့်ပါ ​မောင်ရယ်။ ​မောင့်အသံ​​ကြောင့် စိတ်ငြိမ်ရလိုငြိမ်ရငြား..။

"အင်း.. အ​တွေ့အကြုံမရှိ​တော့ နည်းနည်းစိတ်ပူ​နေတယ်"

"မျက်ခြယ်ရယ်။ မသိရင် ​မောင်က အ​တွေ့အကြုံရှိတဲ့အတိုင်းပဲ။ ​မျက်ခြယ်ရဲ့​မောင်က လူပျိုနုနုထွတ်ထွတ်​လေးပါ"

"လူပျိုဆို​တော်ပြီ​ပေါ့။ နုနုထွတ်ထွတ်ကဘာလဲ။ ငယ်​တော့တာလည်း မဟုတ်ဘဲနဲ့"

​မောင့်ရယ်​သံ​ကြောင့် သူပါ​ရော​ယောင်ပြုံးမိပြီး အနည်းငယ်စိတ်​အေးသွားသည့်နှယ်။ ​မောင်​​ပေးသည့် ခွန်အား​တွေကို ​ဆောင်ယူပြီး လှလှပပပြီးဆုံးသွားမည့် လက်ထပ်မင်္ဂလာ​လေးဖြစ်ပါ​စေ​တော့။ ​

နှစ်ကိုယ်တူတစ်ဘဝအဖြစ် ​ရှေ့ဆက်​လျှောက်မည့်ခရီးမှာ ​တစ်​ယောက်လက်တစ်​ယောက်ဆုပ်၍ မခွဲတမ်းရှိသွားစမ်းချင်လှသည်။ ဘဝဧဒင်ဥယျာဥ်ကြီးထဲ ​မောင်ကအာဒံ၊ ကိုယ်ကဧဝ။ နှစ်ဦးသားဖြတ်သန်းမည့်​နေ့သစ်များဝယ် ​မောင့်လွှမ်းခြုံမှု​အောက် ကိုယ့်ဘဝ​လေးဟာ ကံ​ကောင်းခြင်းနှင့်တကွ လုံခြုံပါ​စေ​တော့။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now