Part 20

2K 361 43
                                    

Unicode~

​မောင့်မိဘနှင့် မိဘအသိုင်းအဝိုင်းကို သွား​တွေ့ရမည့်အ​ရေးမှာ သူ့အတွက် စိန်​ခေါ်မှုတစ်ခုအလား။

​မောင်က စိတ်​ပေါ့ပါး​စေရန် မည်မျှပင် နားချပါ​သော်လည်း မည်သို့ဖြစ်နိုင်ပါမည်လဲ။ ​မောင်ထုတ်​မ​ပြော​သော်လည်း ​မောင်တို့က အသိုင်းအဝိုင်းကြီးမှန်း သိသာလွန်းသည်။ အသိုင်းအဝိုင်းကြီးသည်နှင့်အမျှ ကိန်းခန်းလည်း ကြီးနိုင်သည်။ သူ့လို သာမာန်အမျိုးသားတစ်​ယောက်က ​မောင့်ချစ်သူ ​မောင့်လက်တွဲ​ဖော်အဖြစ် ဝါရှင်တန်မြို့​တော်အထိ လိုက်သွားရန်မှာ သာမာန်ခရီးတို​လေးတစ်ခုထွက်သလို မဖြစ်နိုင်ပါ​ချေ။

တစ်ဖက်မိသားစုမှာ ကိုယ့်ကို ​နွေး​ထွေးပါမည်လား။ ​နားလည်​ပေးနိုင်ပါမည်လား။ ​ကောင်းမွန်စွာ တုံပြန်ဆက်ဆံပါမည်လား။ စသဖြင့်​သော အ​တွေးများက သူ့မ​နောအာရုံကို ခြယ်လှယ်စိုးမိုးလျက်ရှိပါ၏။

"အဲဒီ​လောက်ထိ လက်​ဆောင်​တွေ မလိုပါဘူးဆို မျက်ခြယ်ရယ်။ လက်​ဆောင်​တွေမပါလည်း မျက်ခြယ်ကိုချစ်ကြမှာ ​သေချာ​နေတာပဲကို"

"အို.. ​မောင်ကလည်း။ လက်ဗလာနဲ့သွားလို့​တော့ ဘယ်ဖြစ်ပါ့မလဲ။ ​​ဒေသထွက်လက်​ဆောင်က​တော့ ယူသွား​ပေးဦးမှ​ပေါ့"

တကယ်တမ်း​တော့ Taehyungမှာ လူကြီးကြိုက်လက်​ဆောင်​တွေကို သိသူမဟုတ်။ ကုန်တိုက်ရှိ ​ဈေးတန်းများကို လည်ပတ်ကြည့်ရှုပြီး သင့်မည်ထင်သလိုသာ ​ဈေးခြင်းထဲ ​ကောက်ထည့်​နေမိသည်။

သည်လိုလူကြီးသူမများနှင့် ​တွေ့ဆုံခြင်းမျိုးမှာ အ​တွေ့အကြုံလည်းမရှိ။ ​မောင့်​မိဘတို့အကြိုက် အလိုက်​​ဆောင်၍ ​ပြောတတ်ပါမည်လားလည်း သူ့ကိုယ်သူမ​သေချာ​။ ​မောင့်ကို ယုံကြည်ချက်တစ်ခုတည်းနှင့်သာ သူ့မှာ ​မြောက်ပိုင်းဌာ​နေအထိ လိုက်သွားရမည့်သူ။

မ​​တော်လို့ တစ်ခုခုများ ကံမ​ကောင်းအ​ကြောင်းမလှစွာ ချွတ်​ချော်မည်ဆိုလျှင်​တောင် ​မောင်အနားရှိ​နေ​လျှင်တော့ ခံသာလိမ့်မည်ဟုထင်မိပါ၏။

"ဒီ​လောက်ပဲဝယ်ပါ။ ​အ​မေက ဒါ​တွေမလိုဘူး။ မျက်ခြယ်ကို ​တွေ့ချင်ရုံတင်ပါဆို"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now