Part 23

1.9K 317 55
                                    

Unicode~

​နွေဦး၏ ​နေသာ​သော ​နေ့တစ်​နေ့..။
​ထောက်ရှားပန်းတို့က ပွင့်အာစပြုလို့​နေပြီ။ ​​အ​အေးဓါတ်ကို တွန်းဖယ်ပြီး ​နေရာဝင်ယူစပြုလာ​​သော အ​နွေးဓါတ်ကို ​ထောက်ရှားပန်းတို့က ကြိုက်ဟန်တူပါ၏။

သာယာကြည်လင်​သော ​နေအလင်း​ရောင်ကို အားကိုးတကြီးဖြင့် ကုန်တိုက်သို့ ထွက်လာခဲ့သည်။ ပိတ်ရက်ဖြင့်လင့်ကစား မြို့နယ်အ​ရေး​ပေါ်အစည်းအ​ဝေးများ​ကြောင့် ​မောင်က ​ရောက်မလာနိုင်ပါ။ ထို့​ကြောင့်ပင် သည်တစ်​နေ့​တော့ ကုန်တိုက်​ဈေးတန်းများကြား တစ်​ယောက်တည်း ​ယောင်ချာချာနှင့် လမ်း​ပျောက်ရပါ​ရော..။

"ဒိန်ချဥ်၊ ​​ပေါင်မုန့်၊ အချိုရည်.. ဘာဝယ်ရင် ​ကောင်းမလဲ"

သူတစ်​ယောက်တည်း အ​မေးရှိလိုက်၊ အ​ဖြေရှိလိုက်။ အိမ်မှာ မည်သည့်ပစ္စည်းကုန်၍ မည်သည့်ပစ္စည်းတို့ ပိုလျှံ​နေသည်အား သူမစဥ်းစားနိုင်။ ​မနက်​​စော​စောထမိသည်နှင့် ပိတ်ရက်က တိုက်ဆိုင်​နေ​တော့ ရုတ်ခြည်းထွက်လာခဲ့တာနှင့် ဘာကိုမှ စာရင်းအတိအကျ မပြုစုဖြစ်ခဲ့ပါ။

"ဪ.. ဘယ်သူများလဲလို့။ မ​တွေ့တာကြာပြီ​နော် Kim Taehyung"

"Drew.."

မင်္ဂလာရှိ​​သော ​နေ့အဆက်ဆက်ကို ကြုံခဲ့ရပါလျက် Drewကို မြင်လိုက်စဥ်မှာ မင်္ဂလာရက်စွဲတို့က အလိုလိုညှိုးနွမ်းရသည်။ ​ယောင်လို့ပင် မ​တွေ့ချင်ဘူးဆိုကာမှ ကုန်တိုက်အထိ လာဆုံ​နေရတယ်လို့။ မြို့ပြင်ဘက်က St. Johnမှာ​နေ​သော Drewက ဘာ​ကြောင့်များ သည်အထိ ​​ဈေးလာ၀ယ်​နေရတာတဲ့လဲ။

"မှတ်မိ​သေးတယ်​ပေါ့ ကိုယ့်နာမည်ကို​လေ။ Taehyungက စိမ်းကားလွန်း​တော့ ​မေ့သွားပြီထင်​နေတာ"

"ငါသွား​တော့မယ်"

"​နေပါဦး။ ဟိုတစ်ခါ ဘုရား​ကျောင်းမှာ ​တွေ့တည်းက ကိုယ်တို့မဆုံဖြစ်ကြ​သေးဘူး​မလား။ လာပါ.. ဆိုင်တစ်ဆိုင်ဆိုင် သွားထိုင်ကြရ​အောင်"

လက်​မောင်း​သေး​သေးကို Drewက လက်ကြမ်းကြီးများနှင့် ဆွဲထားပါ၏။ အလုပ်ကြမ်းမလုပ်ရပါဘဲ ကြမ်း​ထော်​နေ​သော လက်ဖဝါးများဟာ Drew၏ စိတ်ဓါတ်နှင့် တိုက်ရိုက်အချိုးကျ​နေခြင်းဖြစ်နိုင်သည်။ ရှိသမျှအားကုန်သုံးပြီး ရုန်းလိုက်ကာ Drewကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူငယ်ငယ်က သည်လိုပင် မကြည့်ရဲခဲ့။ ဤအကြည့်ထဲ မခန့်​လေးစားအ​ငွေ့အသက်များ၊ ချိုးနှိမ်စွာ အထင်​သေး​သော အရိပ်များ တန်းစီလို့ ပါ​နေလိမ့်မည်။ ထင်ချင်သလို ထင်စမ်းပါ​​စေ.. Drewကို အသားချင်းထိမိတာတင် ရွံလွန်းလို့..။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now