Part 1

5.4K 627 160
                                    

Unicode~

​သောကြာ​နေ့ တစ်ည​နေမှာ တာဝန်နှင့်တကွ သူဟာ ဝါကျင်ကျင်အ​ဆောက်အအုံကြီး​ရှေ့ ​ရောက်လာပြန်ပါသည်။
​ထောက်ရှားပင်ရိပ် တစ်သီတစ်သန်း​အောက် ရွက်​ကြွေ​များ ပြည့်​နေလျက်။ မကြာခင်ကမှ ​​​​ထောက်ရှားပန်းပွင့်ရာသီကုန်သွားသဖြင့် ပွင့်ဖက်​ခြောက်များကို ​မြေလမ်း​ပေါ်မှာ ​ရွက်​ခြောက်များနှင့် ​ရော​နှောလျက် ​တွေ့ရသည်။

တန်နက်ဆီပြည်နယ်မှာ ​ထောက်ရှားပင် သိပ်​ပေါသည်။ အထူးသဖြင့် မြို့​​တော်နာ့ရှ်ဗီးလ်မှာဆိုလျှင်​ ထောက်ရှားပင်များကို တမင်တကာပင်စိုက်ပျိုး၍ မြို့​တော်ကို အလှဆင်ထား​​လေ့ရှိသည်။

အသံလွှင့်ရုံ​ရှေ့မှာလည်း ထိုနည်းတူ။ အသံလွှင့်ရုံ၏ ခြံဝင်းက ကျယ်လွန်းသည့် လွင်ပြင်ကြီး။ တမင်စိုက်ထား​သော ​ထောက်ရှားပင်များသာ မရှိလျှင် လွင်တီး​ခေါင်ကြီးသာ ဖြစ်​နေလိမ့်မည်။
ပန်းခရမ်း​ရောင်​ထောက်ရှားပွင့်များ၏အချိန်က ​နွေဦးမှ ​​နွေရာသီတစ်​လျှောက်လုံး။ ထိုအချိန်ဆို သူ့လုပ်ငန်းဝန်ကျင်​လေးက လှသထက်ကို လှ​နေ​တော့တာ။

"အိုး.. Mr. Kim ဒီ​နေ့ ​​စောသားပဲ"

"ဒီ​နေ့အစီအစဥ်အတွက် ဇာတ်ညွှန်းကြိုဖတ်ထားချင်လို့ပါ"

"အရမ်းကြိုးစားတာပဲ ဒါ​​ကြောင့်လည်း တင်ဆက်သူKimရဲ့အစီအစဥ်က နားဆင်သူအများဆုံးဖြစ်​နေတာ"

ထုတ်လုပ်သူ၏ ချီးကျူးစကား​ကြောင့် သူ့ဂုတ်ပိုးကို ပွတ်သပ်မိသွားသည်။ ​ရေဒီယိုအသံလွှင့်ရုံမှာ တင်ဆက်သူဖြစ်လာတာ နှစ်​ချီ​နေသည့်တိုင် ချီးကျူးစကားကြားရတိုင်း မ​နေတတ်မထိုင်တတ်။ သူက တာဝန်ယူထားသမျှ အလုပ်တိုင်းကို တာဝန်​ကျေချင်ရုံတင်။

"Mr. Kim ​ရောက်လာတာနဲ့ ကွက်တိပဲ။ ဒီမှာ Mr. Kimအတွက် စာ​ရောက်​နေတယ်"

"ထပ်ပြီ​တော့လား"

​​သောကြာ​နေ့ည​နေ သူ့အစီအစဥ်အတွက် အသံလွှင့်ရုံကို​ရောက်လာတိုင်း အမြဲသူ့ဆီ​ရောက်​နေတတ်တဲ့ စာတစ်​စောင်။

အစီအစဥ်တင်ဆက်သူတစ်​ယောက်မှာ စာလွှာ​ပေးတဲ့ပရိတ်သတ်ရှိတယ်ဆိုတာ ခပ်ရှားရှား။ ထိုစာ​လေး​တွေ​ရောက်လာတိုင်း သူ့လုပ်​ဖော်ကိုင်ဖက်​တွေက သူ့ကိုစ​နောက်​​လေ့ရှိသည်။
အစပိုင်း​တော့ ပရိတ်သတ်​တစ်​ယောက်​​ပေးတဲ့စာတစ်​စောင်အ​ပေါ် ​ကျေနပ်ပီတိဖြစ်ခြင်းအပြင် ထူးထူးခြားခြားခံစားချက်ရယ်လို့ မရှိခဲ့။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now