Part 16

2.2K 380 61
                                    

Unicode~

တန်နက်ဆီဝီစကီက အယ်လ်ကို​ဟောပါဝင်မှု ခပ်များများ။ မျက်ခြယ်မှာ အလတ်စားပုလင်း​တစ်ပုလင်း​တောင်မကုန်ခင်မှာပဲ သူ့ရင်ခွင်ထဲ ပြိုဆင်းလာ၏။

အရက်မကြိုက်တတ်သူက တစ်​​ယောက်တည်း မူး​အောင်​သောက်ထား​တော့ သူ့မှာစိတ်မပူဘဲမ​နေနိုင်။ မ​နေ့ကတင် ​ပျော်​ပျော်ရွှင်ရွှင်ရှိ​နေခဲ့သူက သည်က​နေ့မှာ အရက်​သောက်စရာကိစ္စ​ပေါ်လာသည်ဆို​တော့ ဘာ​တွေများ ​ကြောင့်ကြစရာရှိ​နေခဲ့လို့များလဲ။

​ထွေးအိစွာ မှီတွယ်လျက်ရှိ​သော ဝါဂွမ်းစိုင်​လေးကို ​ပွေ့ချီလိုက်လျှင် ​သူ့လက်နှစ်ဖက်​ပေါ် အံဝင်ခွင်ကျစွာ။ မထူလွန်း​သော ​မွေ့ရာက ကြမ်းရှရှ။ ညက်​ညောအိစက်လှ​သည်မဟုတ်​သော သည်အိပ်ရာ​ပေါ်မှာ ညတိုင်းအိပ်စက်သတဲ့လား။
အိပ်ရာ​ပေါ်ကို ညင်သာစွာချ​​ပေး​တော့ မျက်ခုံးနှစ်ဖက်က အနည်းငယ်တွန့်ချိုးသွားပြီး ပန်းနု​ရောင်မျက်ခွံက လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သို့​သော် နိုးထလာခြင်းမရှိ။

အရက်နာကျပြီးနိုးလာသူကို မည်သို့ကိုင်တွယ်ပြုစုရမည်အား မသိ​သဖြင့် JungKook သူ့ကိုယ်သူအပြစ်တင်မိသည်။ Jim​ပြောဖူးသည်က​တော့ ပျားသံပရာရည်တိုက်ရသည်ဆိုလား။

မျက်ခြယ်၏ မီးဖို​ချောင်ထဲ ​မွှေ​နှောက်ကြည့်​သော်လည်း သံပရာသီးနှစ်လုံးသာထွက်လာပြီး ပျားရည်နှင့်တူ​သော အရိပ်အ​ယောင်ပင်မ​တွေ့ရ။ ခက်​ချေပြီ။ သံပရာရည်​တောင် အနိုင်နိုင်​ဖျော်ရမည့်ဘဝမှာ ထည့်စရာပစ္စည်းအစုံအလင်မရှိတာ​တော့ မဟုတ်​ချေ​သေး။

'​ဒေါက် ​ဒေါက်!'

"အ​ဒေါ်ကြီး! အ​ဒေါ်ကြီး ရှိလား"

"ဘာလဲ​ဟေး။ တံခါး​စေ့ထားတာ ဖွင့်ဝင်ခဲ့"

စိတ်ပျက်လက်ပျက်နှင့် ကုလားထိုင်​ပေါ် ထိုင်​နေသည့် အိမ်ပိုင်ရှင်​အ​ဒေါ်ကြီး။ လက်ထဲမှာလည်း မဂ္ဂဇင်းတစ်အုပ်ကိုင်ထား​သေးသည်။ သူဝင်လာ​တော့ မျက်လုံးလှန်ကြည့်ရုံကြည့်ပြီး မဂ္ဂဇင်းပြန်ဖတ်​နေ​​လေရဲ့။

"ပျားရည်နည်းနည်း​လောက်ရနိုင်မလား။ Taehyung​နေမ​ကောင်းလို့"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now