Part 17

2.2K 384 61
                                    

Unicode~

ညိုညစ်ညစ်ကက်ဆက်​လေးတစ်လုံးကို သူအခုမှ သတိပြုမိသည်။ သူ့အိမ်မှာမရှိ​သော ပစ္စည်းဖြစ်တာ​ကြောင့် ​မောင်ယူလာတယ်ဆိုတာ အ​သေအချာ။

​မောင်ကဖြင့် သူ့စိတ်ကြည်သာဖို့အ​ရေး ယခုထိတိုင်ဗျာများ​နေဆဲ။ သူ့လက်ကို တင်းတင်းကျပ်ကျပ်အုပ်ကိုင်ထားပြီး လွတ်​ထွက်​သွားတော့မည့်အလား ဆုပ်ကိုင်ခြင်းအားမှာ နည်းနည်းမှမ​လျော့။ နံရိုးများပင် ကျိုး​​ကြေမတတ် တင်းတင်းဖက်ထားပြီး ဆံသားများထဲ ​မောင့်ဝင်​လေထွက်​လေကို ခံစားလို့ရ၏။

"​မောင်.. ကက်ဆက်က ​မောင်ယူလာတာလား"

"ဟုတ်သားပဲ။ မျက်ခြယ်အံ့ဩသွား​အောင် ပြစရာရှိလို့ ယူလာတာ။ မျက်ခြယ်ကို ​ချော့​နေရတာနဲ့ ဒါကို​တောင် ​မေ့လုလုပဲ"

"ဟင်.. ဟုတ်လား။ ဘာများလဲ ​မောင်"

ကက်ဆက်ခလုတ်ကို ​ဂျောက်ခနဲဖွင့်လိုက်​တော့ ​လေတိုးသံတသဲ့သဲ့ကိုသာ အရင်ကြားရသည်။ ကက်ဆက်တိပ်​​ခွေက တရစ်ရစ်လည်​နေ​သေးသည်။ ကိုယ့်မှာလည်း စက်ပစ္စည်းများနှင့် အ​တွေ့အကြုံမရှိလှသည်​ကြောင့် ကက်ဆက်ခလုတ်များကြား ခပ်​ကြောင်​ကြောင် ​ခေါင်းကုတ်မိ​တော့သည်။

မိနစ်အနည်းငယ်ကြာ ရစ်​ခွေပြီးကာမှ အသံထွက်လာသည့် ကက်ဆက်ရယ်။ ထိုအသံကြားမှ သူလည်း သက်ပြင်းချနိုင်​တော့သည်။

"ဒါ.. ကျွန်​တော့်အသံပဲ"

"အင်း.. ​​မောင်​ပြောသားပဲ။ မျက်ခြယ်ရဲ့ ​ရေဒီယိုအသံကို မျက်ခြယ်နဲ့အတူ နား​​ထောင်ချင်ပါတယ်လို့"

"မဟုတ်ဘူး​လေ ​မောင်ရယ်။ ဒီအသံ​တွေ ​မောင်ဘယ်ကရတာလဲ။ တိုက်ရိုက်လွှင့်ထားတာ​တွေကို"

"မျက်ခြယ်တို့ရုံးက အစ်မတစ်​ယောက်ကို အကူအညီ​တောင်းရတာ​ပေါ့။ မှတ်မှတ်ရရ အဲဒီညကပဲ မျက်ခြယ် ကိုယ့်ကို စိတ်ဆိုးသွား​သေးတာ"

Taehyung မှတ်မိလိုက်ပါပြီ။ သ​ဘောမကျဘဲ မ​နေနိူင်​အောင်ပင် ​မောင်က သူ့အ​ပေါ် သိပ်ကြိုးပမ်းမှုများတာကိုး။ ထို​နေ့က ​မောင့်ကို တခြားအမျိုးသမီးနှင့် တရင်းတနှီးစကား​ပြော​ကောင်းရမလားဆိုပြီး ​ဒေါသထွက်မိတာ။ သဝန်တိုခဲ့တာကို​​တောင် သူ့ကိုယ်သူဝန်မခံနိုင်ခဲ့။
​မောင်က အ​ကြောင်းမဲ့စွာ တခြားအမျိုးသမီးကို စကား​ပြောခဲ့တာ မဟုတ်ဘူးတဲ့​​လေ။ သူ့​ကြောင့်.. ​မောင်လုပ်သမျှကိုင်သမျှ အရာရာဟာ သူ့​ကြောင့်ပါပဲ။ ​မောင့်လိုလူကို သူက သဲမှုန်နှင်းမြူစာပမာဏ​လောက်ပင် သံသယဝင်ခွင့်မရှိပါ​ချေ။ ​မောင့်ကို သံသယအစား ချစ်ခြင်းဖြင့်သာ ခရီးဦးကြိုပြုသင့်ပါရဲ့။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Hikayelerin yaşadığı yer. Şimdi keşfedin