Part 3

3.4K 605 199
                                    

Unicode~

'မင်္ဂလာပါခင်ဗျာ။ Melomaniac FMရဲ့ 'နှလုံးသားတေးသံသာ'အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ ရေဒီယိုအစီအစဉ်တင်ဆက်သူ..'

လေလှိုင်းထဲမှ ကြားရသော အသံသဲ့သဲ့လေးကြောင့် ရေဒီယိုနံဘေးမှ အသံချဲ့ခလုတ်ကို အနည်းငယ်လှည့်လိုက်သည်။ တစ်ပတ်တစ်ခါ သောကြာနေ့ညနေတိုင်း ကြားရသော အသံအေးအေးလေးကြောင့် တစ်ပတ်တာပင်ပန်းခဲ့ရသမျှက ယူပစ်လိုက်သလို။

မကြာခင်သွားရ​တော့မည့် အ​ပြောင်းအ​ရွှေ့ခရီးအတွက် သူ့အထုပ်အပိုးများက ​ဘေးမှာ အဆင်သင့်စွာ။ သည်အစီအစဥ်​လေးပြီးလျှင်​တော့ ​ရေဒီယို​လေးကို မ​မေ့မ​လျော့ယူသွားဖို့ရာက အ​ရေးကြီးသည်။ သူ့ဘဝ၏ အစိတ်အပိုင်း​လေးတစ်ခု ဖြစ်မှန်းမသိဖြစ်လာသည့် ​ရေဒီယို​လေးပါပဲ။

ညနေခင်းလေပြည်က တ​ဝှေ့​ဝှေ့.. သူ့အသံလေးက အသည်းထဲတစိမ့်စိမ့် စီးဝင်လာသည်။ အလိုလိုပြုံးမိနေသော နှုတ်ခမ်းသားများကပင် သူ့အသံလေးကို ခံစားမိနေသည်ထင်ပါရဲ့။ သူဖွင့်ပြသည့် သီချင်း​တွေ​နောက်ကွယ်မှာ သူမည်သို့ရှိ​နေမည်နည်း။ သီချင်း​ပြီးလျှင်​ပြောရမည့် စကားလုံး​တွေအတွက် ကြိုတင်ကျက်မှတ်​နေ​လေမလား။

​သောကြာ​နေ့ည​နေများမှာ ရုံးက​ပြန်​ရောက်သည်နှင့် ၎င်း​ရေဒီယိုအစီအစဥ်​လေးနား​ထောင်ရန် အမြဲတာဆူ​နေရသည်။ တနင်္လာ​မှ ​သောကြာအထိ ရုံးတက်ရုံးဆင်းရင်း ပုံ​သေဖြစ်​နေသမျှအချိန်ဇယားဟာ သည်အချိန်​လေး​ရောက်မှသာ သက်ဝင်လှုပ်ရှားလာတာဖြစ်သည်။
သည်က​နေ့လို ရုံးသွားစရာမလိုအပ်​သည့် ​နေ့မျိုးမှာ​တောင် သူ့အသံကြားရမည့်အ​ရေးအတွက် ကိုယ့်မှာ တစ်​နေကုန်ဂနာမငြိမ်ခဲ့။

​လေလှိုင်းမှတစ်ဆင့်ကြားရ​သော အသံပိုင်ရှင်​လေး၏ ပုံပန်းသဏ္ဌာန်ကို စိတ်ကူးယဥ်ပုံ​ဖော်ကြည့်ရတာ သူ့အတွက် နိစ္စဓူဝဝတ္တရားဖြစ်လာသည်။ သူ့နှလုံးသားကို ဆွဲငင်ညှို့ယူနိုင်​သော အသံလှိုင်း​လေး၏ ပိုင်ရှင်က ဘယ်လိုလူများဖြစ်​နေမှာပါလိမ့်။

​နှလုံးသားကို ​ကျောက်မျက်ရတနာ​တွေစီခြယ်​​နေသလိုပါပဲ ​မောင့်မျက်ခြယ်..။
မင်းအသံ​လေးက ကိုယ့်ဘဝကို​ အ​ရောင်စုံ​အောင် ခြယ်သ​ပေး​နေတာပါပဲ။
ဒါ​ကြောင့်လည်း မင်းအတွက် သီးသန့်​ပေးထား​တဲ့ နာမည်​လေးက 'မျက်ခြယ်'ပါတဲ့​လေ။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now