Part 4

3.4K 573 233
                                    

Unicode~

"သိပ်သိတာ​​ပေါ့။ နာမည်ကြီးအစီအစဥ်ပဲမဟုတ်လား"

ဖိပြီး​ပြောသည့်အသံ၊ ရွှန်းရွှန်းစားစားကြည့်​သည့်အကြည့်။
ကိုယ့်ကို မျက်လုံးချင်းမဆုံသည့် မျက်ခြယ်​ကြောင့် ကိုယ့်မှာ အသည်းတယားယား။ ရှက်​နေတာလား၊ ​ကြောက်​နေတာလား မသဲကွဲ.. ကြမ်းပြင်​အောက်​ခြေကိုသာ ငုံ့ကြည့်​နေလျက်။ အဲသည်လို အရှက်သည်းပြ​နေ​လေ​လေ၊ ကိုယ်က မျက်​တောင်မခတ်စတမ်းစိုက်ကြည့်​နေလိုက်ချင်​​လေ​လေ။

"​သိတယ်ဆိုလို့ ဝမ်းသာပါတယ်"

မပွင့်တပွင့်စကားသံ​လေးထွက်လာ​တော့ ရင်ထဲမှာ ​အေး​အေးငြိမ့်ငြိမ့်​လေး။ လှုပ်ခါ​နေ​သော နှလုံးသားဝန်းကျင်ဧရိယာကို မျက်ခြယ်က အပိုင်စား​နေရာယူထားသည်။

​ရေဒီယိုမှတစ်ဆင့်မဟုတ်​သော ပထမဆုံးအကြိမ် တိုက်ရိုက်ကြားရသည့်အသံ။ မှတ်တမ်းတင်ထားလို့ရလျှင် သိပ်​ကောင်းမည်။ မထင်ထားသည့်အချိန် မထင်ထားသည့်​နေရာမှာ ကိုယ်​ရှာ​နေသည့်သူကို ​တွေ့ရပြီး ကိုယ်တို့ဟာ မျက်နှာချင်းဆိုင်ရှိ​နေကြသည်တဲ့​လေ။

'Kim Taehyung'လို့ မိတ်ဆက်​ပေးလိုက်ချိန်တည်းက သူ့ကမ္ဘာက ငလျင်လှုပ်​နေခဲ့တာ။ အမြဲ​မျှော်လင့်​နေမိ​သော ​ရေဒီယို​နောက်ကွယ်က ​​ကျောက်မျက်ရတနာတစ်ပါးက သူ့မျက်စိ​ရှေ့မှာတဲ့​​လေ။ သူစွဲလမ်းခဲ့ရ​သော အသံ​လေးနည်းတူ အဆင်းရူပကာကလည်း အဆင့်မြင့်စိန်ပွင့်​လေးအတိုင်း။ တစ်ခွက်တည်း​သောက်ရ​သေး​သော ဝီစကီအရှိန်​မှာ Kim Taehyungအ​ရှေ့​ရောက်မှသာ လူကိုမူးယစ်​​​စေ​တော့သည်။

"ကိုယ်က နှလုံးသား​တေးသံသာရဲ့ ပရိတ်သတ်ပါ"

"အိုး.. တကယ်လား။ တကယ်ပဲ ကျွန်​တော့်အစီအစဥ်ကို အချိန်​ပေးနား​ထောင်ဖြစ်တယ်​ပေါ့"

အခုမှ ​ဖြောင့်​ဖြောင့်တန်းတန်းစကားသံထွက်လာ​တော့သည်။ ပရိတ်သတ်လို့မိတ်ဆက်လိုက်လို့များ အနည်းငယ်ရဲတင်းသွားသည်​လေလား။

"မယုံရင် ပ​ဟေဠိ​မေးကြည့်မလား။ ကိုယ်​ဖြေ​ပေးပါမယ်"

"အာ.. ရပါတယ်။ ကျွန်​တော်က ဒီအတိုင်း ​ပြောကြည့်တာပါ"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now