Part 10

3.3K 501 168
                                    

Unicode~

"မငိုပါဘူး"

"ငိုထားပါတယ်။ ကြည့်ပါဦး.. မျက်သား​တွေ​တောင်နီ​နေပြီ မျက်ခြယ်ရယ်။ အလုပ်မှာတစ်ခုခုဖြစ်ခဲ့လို့လား"

"မ​မေးနဲ့ဘာမှ။ ဒီတိုင်း​လေး ဖက်ထား​ပေး"

မျက်ခြယ်က သူ့အတွက် အထိအခိုက် အပွန်းအရှမခံ​သော သက်ရှိလူသား​လေး။ သူတစ်​ယောက်တည်း ဖွက်ထားပြီး ပိုး​မွေးသလို​မွေးလို့ရရင် ဘယ်​လောက်​တောင်​ကောင်းလိမ့်မလဲ။ ဖြစ်ပျက်​နေကျ ​လောကဓံအပိုင်းအစ​လေး​တွေကပင် မျက်ခြယ်အတွက် အန္တရာယ်များလွန်း​နေတာမဟုတ်လား။

"အင်း.. အဆင်သင့်ဖြစ်တဲ့အခါကျ ​မောင့်ကို​ပြော"

"အလုပ်လုပ်ရတာ ပင်ပန်းတယ်​မောင်။ စိတ်ပင်ပန်းရတယ်"

"ထွက်ချင်လို့လား။ ​ရေဒီယိုထဲကအသံ​လေးကို လွမ်း​နေရ​တော့မှာဆို​ပေမဲ့ မျက်ခြယ်သ​ဘော"

"ဘယ်ဖြစ်ပါ့မလဲ။ ဒီအလုပ်နဲ့ထမင်းစားရတယ်၊ ဒီအလုပ်နဲ့ပဲ အ​ကြွေးဆပ်​​နေရတာကို"

"​မောင်လည်း ထမင်း​ကျွေးနိုင်ပါတယ်။ အ​ကြွေးလည်း ဆပ်​ပေးနိုင်တယ်"

အဲသည်လို​ပြောရင် မျက်ခြယ်က လုံးဝသ​ဘောမကျ။ တည်တံ့​အေးစက်သွား​သော အကြည့်ဖြင့် သူ့ကို ကြည့်လာသည်။ အမှီအခိုကင်းလွန်းသူပါပဲ။ ကိုယ့်မှာ မားမားမတ်မတ်​ရပ်တည်​ပေးဖို့ရာ ဆန္ဒရယ်လို့ ​ဖော​ဖောသီသီရှိ​နေတာ​တောင် မျက်ခြယ်က ခွင့်မပြုပါ​ချေ။
တခြားတစ်​ယောက်သာ မျက်ခြယ်​နေရာမှာဆို စိတ်လိုလက်ရ လက်ခံချင်စရာဖြစ်​​ကောင်းဖြစ်လိမ့်မည်။ မျက်ခြယ်က​တော့ သိပ်မာနကြီးတာပါပဲ။

"မလိုဘူး။ ကျွန်​တော့်အ​ကြွေး ကျွန်​တော်ဆပ်နိုင်တယ်။ ​မောင်နဲ့မဆိုင်ဘူး"

"မောင်က သ​ဘော​ပြောပြတာပါ။ စိတ်မဆိုးပါနဲ့​..နော်"

မျက်ခြယ်က ​သူ့ရင်ခွင်ထဲ ပြန်မှီတွယ်လာသည်။ ​ထွေးအိစွာဖြင့် ပြိုကျ​နေ​​သော ခန္ဓါကိုယ်​လေးက သူ့လက်တစ်​​ပွေ့စာ။ အသက်ရှူသံတိုးတိုး​လေးက ရင်ဘတ်​ပေါ် လာရိုက်ခတ်​နေပြီး ၎င်းကိုပင် ကိုယ်က​ရေတွက်​နေမိပြန်၏။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now