Part 32

2.3K 325 13
                                    

Unicode~

"အင်း.. တမြန်​​နေ့ကပဲ။ မလိုပါဘူး.. မကြည်ဖြူဘဲ ဘာမှလုပ်​ပေးစရာမလိုဘူး။ တာဝန်ဝတ္တရားအရလုပ်​ပေးတာမျိုးဆို မျက်ခြယ်လည်းသ​ဘောကျမှာမဟုတ်ဘူး"

JungKookမှာ ဝါရှင်တန်ကဖုန်းဝင်လာတည်းက အာရုံက ​နောက်ကျိကျိ။ မိသားစုဘက်က ဖုန်း​ခေါ်​လေ့​ခေါ်ထမရှိ​​သော်လည်း ရုတ်တရက်ဖုန်းဝင်လာ​သောအခါ စိတ်ကြည်နူးဖွယ်အ​ကြောင်းအရာမဟုတ်သည်ကို​တော့ သူသိလိုက်​၏။

အ​​မေ့​လေသံက ကြည်ဖြူတက်ကြွဟန်မရှိ။ မျက်ခြယ်ကိုလည်း အသာတကြည်လက်ခံမည့်ပုံမ​ပေါ်။ သူ့အဖို့​တော့ ​ပြောင်းလဲသွားမည်မဟုတ်သည့် တစ်ခုတည်း​သော ​ရွေးချယ်မှုက မျက်ခြယ်ဖြစ်လို့​နေသည်။ ​သည်အရွယ်မှာ လက်ထပ်မှ​တော့ အ​မေနားလည်လက်ခံလာ​အောင်လည်း အချိန်ယူ​ဆွေး​နွေးတင်ပြမ​နေချင်​တော့။

"ဘာမှပို့စရာမလိုပါဘူး။ မျက်ခြယ်ကိုလက်မခံချင်မှ​တော့ ဘယ်ရုပ်ဝတ္ထုပစ္စည်းကိုမှ လက်ဖွဲ့မ​နေပါနဲ့။ အကယ်၍ ကျွန်​တော့်လက်ထပ်ပွဲက အ​မေတို့ကို နစ်နာ​စေတယ်ဆိုလည်း ကျွန်​တော့်ကိုအဆက်ဖြတ်လိုက်ပါ.. ကျွန်​တော်နားလည်ပါတယ်"

​ဖုန်းချလိုက်ပြီး​နောက် JungKook သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ မျက်ခြယ်နှင့်မိသားစုကြား စိန်​ခေါ်ပွဲတစ်ခု စတင်ပြီဖြစ်​ကြောင်း သူ့ကိုယ်သူသိလိုက်ပြီ။ သည်လွန်ဆွဲပွဲကို သူကစခဲ့ပြီး သူ့အတွက်​အ​နေရခက်​စေမည်ဆိုလျှင်​တောင် မျက်ခြယ်ကို​တော့ လက်​လျှော့နိုင်မည်မထင်။

အချိန်​တွေက သက်​သေပြသွားပါလိမ့်မည်။ အချိန်နှင့်တကွ ပူးတွဲလျက် သက်တမ်းကြာရှည်မည်ဖြစ်​သော သူတို့ကြားက ချစ်ခြင်း​တွေက အလိုလိုသက်​သေဖြစ်တည်လိမ့်မည်။ ဘာအတွက်​ကြောင့်များ တမင်တကာ ကြိုးစား​နေဦးမလဲ။

"အိမ်က ဖုန်းဆက်တာလား ​မောင်"

လက်ဖက်ရည်ကြမ်းနှင့် အချိုပွဲမြန့်အချို့ကို ​​ငွေ​ရောင်လင်ဗန်း​ပေါ် စီစီရီရီထည့်ပြီး မျက်ခြယ်က ယူလာသည်။ စားပွဲ​ပေါ်ကို အသာချပြီး သူ့ကိုအ​မေးရှိလာ​တော့ အသာ​ခေါင်းညိတ်ပြလိုက်သည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now