Part 21

2K 366 39
                                    

Unicode~

ယ​နေ့မှ အချိန်အခါမသင့်စွာ ဥတုအခါရာသီရယ်က မှိုင်းညှို့ညှို့။ မိုးမရွာ​သော်ငြား တိမ်မကင်းစင်။ ယမန်နေ့​ကောင်းကင်ကြီးနှင့် လားလားမှမဆိုင်​အောင် ခြားနားလျက်။

ဝါရှင်တန်မြို့လယ်​​ခေါင်ရှိ မီးခိုး​ရောင်တိုက်အိမ်ကြီးက ထီးထီးမားမား။ ​မောင့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ ​မော့ကြည့်​နေမိသည်။ မူမမှန်​သော နှလုံးခုန်သံအရ စိတ်မလှုပ်ရှားဘဲ မ​နေနိုင်​ကြောင်း သိသိသာသာ။ သူဒါကို ဖြတ်​​ကျော်နိုင်မည်တဲ့လား။
မီးခိုး​ရောင် တိမ်တိုက်များ​အောက်က မီးခိုး​ရောင်တိုက်ကြီးက သူ့ကို စိတ်မ​ဖြောင့်​စေပါ။ ကျယ်ပြန့်​သော တံခါးရွက်များ​နောက် သူဘာ​တွေကြုံကြိုက်ရဦးမည်လဲ။

"လာ.. အထဲဝင်ကြစို့"

​မောင်က လက်ဆွဲ​ခေါ်​တော့ သူတန့်ခနဲသာ တုံ့ပြန်မိသည်။ ​မောင် သူ့ကို သမင်လည်ပြန်ကြည့်လာစဥ် သူ့မျက်နှာ​ပေါ် မဝံ့မရဲအရိပ်အ​ငွေ့တို့က သိသာ​​နေလိမ့်မည်။

"ဖြစ်ပါ့မလား။ ကျွန်​တော့်ကို ကြည်ဖြူပါ့မလား"

"​မောင့်ကိုပဲကြည့်​နေ။ မျက်ခြယ်ကို လက်ထပ်ခြင်းမထပ်ခြင်းက ​မောင့်တစ်​ယောက်တည်းရဲ့ ဆုံးဖြတ်ချက်။ အသိ​ပေးချင်ရုံသက်သက် ​မောင်တို့က ဒီ​ကို​ရောက်​နေတာ။ ​မောင့်မိသားစုကလည်း မျက်ခြယ်ကို လက်ခံသ​​ဘောမကျဘဲ မ​နေနိုင်ပါဘူး"

အားတင်းလျက်သာ ထိုအိမ်ကြီးထဲ ဝင်လာခဲ့သည်။ တံခါးမကြီးကို ဖွင့်လျက်သားဖြစ်​နေပြီး ဆင်နားရွက်တံခါးရွက်များက​တော့ ​လေအရှိန်အတိုင်း တစ်ဖက်နှင့်တစ်ဖက် ရိုက်ခတ်​နေကြ​​လေရဲ့။

"ငါ့​မောင် ​ရောက်လာပြီလား။ အ​မေ​ရေ.. အ​မေ။ ဒီမှာ အ​မေ့သားခရိုင်မင်းကြီး ​ပေါ်​တော်မူလာပြီ​တော်"

​မြောက်ပိုင်း​လေယူ​လေသိမ်းအတိုင်း ​မောင့်အစ်မဖြစ်သူက အသံ​​ပေါ့​ပေါ့​လေးနှင့် သူ့အ​မေကို လှမ်း​ခေါ်သည်။ ထိုစဥ် ​နောက်​ဖေးတံခါးမှ ထွက်လာသူ အသက်၆၀နီးပါးရှိမည်ဟု ထင်ရ​သော အမျိုးသမီးကြီးတစ်​ယောက်။ ​​မောင်နှင့်တူ​သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ​

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now