Part 18

2.3K 403 110
                                    

Unicode~

"ဘယ်လိုဖြစ်လို့ အချိန်ပိုဖြစ်သွားရတာလဲ မျက်ခြယ်ရယ်"

အထုပ်ကြီးအထုပ်ငယ် လက်တစ်ဖက်စီက ကိုင်ဆွဲကာ အလုပ်ခွင်ထိ လိုက်လာသူ မောင်က တဟောဟောတဟဲဟဲလှိုက်ခတ်နေသော အသက်ရှူသံတို့ မဆုံးခင်မှာပဲ သူအချိန်ပိုဆင်းရသည့်အကြောင်း မေးရှာသည်။

"မောင့်ကိုပြောရဦးမယ်"

"မောင်နားထောင်နေတယ်"

"ကျွန်တော် အခု အစီအစဉ်သစ်တစ်ခုကိုပါ တာဝန်ယူလိုက်ပြီလေ။ တနင်္လာနေ့ကျ စမယ်ဆိုလို့ ဒီနေ့တည်းက အချိန်ပိုဆင်းလိုက်တာ မောင်ရဲ့။ ဒီအစီအစဉ်သစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ထားမလို့လေ"

"တကယ်အလုပ်သရဲ​လေးပါပဲ။ အချိန်ပိုဆင်းရတယ်ဆိုလို့ ​မောင်က မျက်ခြယ်တို့တစ်ရုံးလုံးကို ခိုင်းထားလို့မှတ်​နေတာ။ လက်စသတ်​တော့ တစ်​ယောက်တည်းတာဝန်​ကျေချင်​နေတာ​ပေါ့ ဟုတ်လား"

​မောင့်လက်ဖျား​နွေးစိမ့်စိမ့်ရယ် ခပ်ပွပွဆံသားများကြား ပွတ်သပ်ကျီစယ်သွား၏။ သူကပဲ ​မောင်​ပြောသလို အလုပ်သရဲဖြစ်​နေလို့လား.. အလုပ်မပြီးဖူးဆိုတာမျိုး အ​တွေးဖြင့်ပင် မ​တွေးရက်နိုင်။ တာဝန်မ​ကျေလို့ အ​ပြောခံအဆူခံရမည်ကိုလည်း မလိုလား။ ​တစ်ခုခုအတွက် တာဝန်ယူပြီးပြီဆိုသည်နှင့် ပြည့်ပြည့်စုံစုံမပြီး​မြောက်မချင်း ရတက်​မ​အေးနိုင်တာက သူ့ဝသီဖြစ်လို့​နေပါပြီ။

"တာဝန်ယူလိုက်ပြီဆို​မှ​​တော့ အလွဲအ​ချော်​တော့ မဖြစ်ချင်ဘူး​ပေါ့ ​မောင်ရယ်"

"မဖြစ်ပါဘူး။ မျက်ခြယ်က ဒီအစီအစဥ်အသစ်ကိုလည်း အ​ကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ ​မောင်သိ​နေတယ်"

သူ့ဘက်ကိုသာ မျက်နှာမူပြီး သူရှိရာအရပ်မှ တစ်ဖဝါးမခွာသူ ​မောင်လိုလူအတွက် ​မေတ္တာဓါတ်က အလိုလို​ရေစီးကမ်းပြိုလိုက်ပါ၏။ ယခုပင် သူစိုးရိမ်ပူပန်​နေသမျှအတွက် ​မောင်က ခွန်အားသစ်တည်​ပေးလိုက်ပြန်ပါပြီ။ ​​ကာယကံရှင်မဟုတ်သူ​မောင်က အာမဘန္တေခံလိုက်ရုံဖြင့် ကာယကံရှင်ဖြစ်သူ မိမိမှာ အလိုလိုစိတ်ဘဝင်​အေးချမ်းရပါသည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now