Part 15

2.3K 396 111
                                    

Unicode~

"ဒီ​နေ့ပြန်ရမယ်ဆိုတာ​တောင် နှ​မြောစရာပဲ"

"မျက်ခြယ်မပြန်ချင်​သေးရင် ​​မောင်ခွင့်တိုင်​ပေးရမလား။ တစ်ရက်နှစ်ရက် ထပ်​နေကြတာ​ပေါ့"

"ဟင့်အင်း.. မန်​နေဂျာက သက်သက်မဲ့ အငြိုးထား​နေလိမ့်မယ်"

ပရစ္စတင်းရွာနှစ်ပတ်လည်ပွဲ​တော်က တစ်ရက်နှစ်ရက်လည်ပတ်တာနှင့်ပင် မလုံ​လောက်နိုင်​အောင် ​​ပျော်ဖို့​ကောင်းသည်။ က​လေးသူငယ်ကအစ အရွယ်စုံလူတန်းစားမ​ရွေး သည်ပွဲမှာ ပါဝင်ကြပြီး ရွာသူရွာသား​တွေကလည်း စည်းစည်းလုံးလုံးရှိလှသည်။

မျက်ခြယ်ခမျာ မ​နေ့ညကတည်းက ဘာ​လေး​မြင်မြင် ပါးစပ်အ​ဟောင်းသားနှင့် သိပ်အံ့ဩ​နေတာ။ က​လေး​​​တွေစားသည့်မုန့်ကအစ ​ပူ​ဖောင်းအရုပ်​တွေအထိ။ ထူးထူးဆန်းဆန်း လက်မှုပညာပြိုင်ပွဲဆိုတာလည်းရှိ​သေးသည်။ အိမ်ရှင်မနှင့် အမျိုးသမီးများက သူတို့တတ်သမျှမှတ်သမျှ လက်မှုပညာ​တွေကို ချပြကြတာများ သူကိုယ်တိုင်​တောင် ချီးကျူးမိပါ၏။ ​ဇာထိုးပန်းထိုးအထည်များမှအစ ခြင်းများ၊​ ​တောင်းများ ရက်လုပ်သည့်ပညာအထိ စုံစုံလင်လင်။
ပြိုင်ပွဲဝင်ပစ္စည်းများကို ပြန်လည်​ရောင်းချ​တော့လည်း ဝယ်သူ​တွေများလွန်းလို့ ရွာအတွက်ရန်ပုံ​​ငွေ အ​မြောက်အမြားက အိတ်သွန်ဖာ​မှောက်။

"​ဒါဆိုလည်း မွန်းလွဲ​လောက်ကျ ရန်ပုံ​ငွေထည့်​ပေးပြီးမှ ပြန်ကြတာ​​ပေါ့။ ဒီလိုဆို အချိန်​တွေရ​ပါ​သေးတယ်"

မနက်ပိုင်းပင်မဇာတ်ရုံမှာ ​ဖျော်​ဖြေသူများက ​ဒေသခံများသာ။ သို့​သော်​​ဒေသခံများ၏ အရည်အချင်းကလည်း ​ပေါ့​သေး​သေးမဟုတ်။ ဝီစကီနံ့​တ​ထောင်း​ထောင်းနှင့် ​ဆေးရွက်ကြီးလိပ်ကို လက်ကြားကမချနိုင်သူ လူလတ်ပိုင်းအရွယ်​ယောကျ်ားကြီးများပင် ဂီတာကို​ကောင်း​ကောင်းတီးခတ်​နိုင်ပြီး သီချင်းကို စည်းဝါးမှန်မှန်ဆိုနိုင်၏။

"ဒီရွာက လူ​တွေက ​ပျော်​ပျော်​နေတတ်ပုံပဲ​နော် ​မောင်"

"လူ့ဘဝကြီးက ​ပျော်​ပျော်​နေ​သေခဲပဲ​လေ။ ​မောင်တော့ သူတို့ကို ချီးကျူးမိတယ်"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now