Part 7

3.2K 529 145
                                    

Unicode~

ရုံးပိတ်ရက်ဆို​ပေမဲ့ Taehyungမှာ မအားမလပ်။ မနက်​​​စော​စော ကုန်တိုက်သို့ လမ်း​လျှောက်သွားပြီး အထုပ်ကြီးအထုပ်ငယ်က လက်နှစ်ဖက်အပြည့်။
​ရာသီဥတု​အေးစိမ့်စိမ့်​လေးဟာလည်း လှုပ်လှုပ်ရှားရှားလုပ်ပြီး​နောက် ​ချွေးတစို့စို့ဖြစ်​စေလာသည်။

"ဒီလိုမှန်းသိရင် အ​​ပေါ်ထပ်မဝတ်ခဲ့ပါဘူး"

လမ်း​ပေါ် တစ်​ယောက်တည်း ညည်းညည်းတွားတွား။ အသွားတုန်းက ​ပေါ့​ပေါ့ပါးပါးဆို​သော်လည်း အပြန်ကျ ​လေးပင်လှစွာ​သော ပစ္စည်းပစ္စယများကို သယ်ပိုးရင်း ​​နောက်​ခြေတစ်လှမ်းပင် ဆက်မလှမ်းချင်​​လောက်သည်အထိ ပင်ပန်းလှသည်။

ကွန်ကရစ်ကြမ်းခင်း ခင်းထား​​သော သူတို့လမ်း​လေးကို ဝင်လာစဥ် ရင်းနှီး​နေကျအရိပ်​လေးက အဆင်သင့်။ သည်​နေ့​ရော လာ​ချော့ပြန်တာပဲလား။ အ​ချော့ခံချင်ရင်​တောင် သည်က​နေ့​တော့ အ​ချော့ခံဖို့ မအားနိုင်​သေးတာ ခက်လှသည်။

​ထောက်ရှားပင်ရုံ​အောက် ရပ်ထား​သော ကားနက်ကြီးရယ်၊ ကားတံခါးကို မှီတွယ်ရပ်​နေသူ​ရယ်။ ​ရှောင်ချင်ရင်​တောင် ​ရှောင်ဖို့ခက်ပါသည်။ တစ်ခါတ​လေ ​ခြေလှမ်းများက ဦး​နှောက်၏အကြံဉာဏ်ကို ငြင်းပယ်ပါ၏။

"ခရိုင်မင်း.. ကိစ္စရှိလို့လား"

"​မောင်လာ​တွေ့မယ်လို့ ​ပြောထားသားပဲ"

"မနက်ခင်းကြီး​ရောက်လာလိမ့်မယ်​တော့ မထင်ထားတာအမှန်ပဲ။ အချိန်လည်း ကြိုမ​ပြောထားဘူး မဟုတ်လား"

"​မောင်လာတာ အ​နှောင့်အယှက်များ ဖြစ်သွားလို့လား။ ဧကန္တ.. စိတ်ဆိုး​နေတုန်းပဲလား"

"ကျွန်​တော်အဲဒီလို က​လေးကလားအလုပ်​တွေ မလုပ်ဘူး"

လက်နှစ်ဖက်က အင်မတန်​လေးလံပြီး ​ညောင်းညာလှပြီ။ သို့​သော် ရုတ်တရက်ကြီး ဧည့်သည်ကို ချန်ထားခဲ့ရ​​အောင်လည်း မဟုတ်တတ်​ပေ။ အိမ်ထဲအလည်​ခေါ်ရ​အောင်လည်း သင့်​တော်ပါရဲ့လား။ တစ်ကိုယ်​ရေတစ်ကာယ ဖြစ်သလို​နေတတ်တဲ့ သူ့အိမ်​လေး​ထဲ ​ခေါ်ရမည်က အားနာဖို့​ကောင်းလှသည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now