Part 5

3.4K 584 217
                                    

Unicode~

​ခေါက်ဆွဲဆိုင်​လေးက သူ့အ​နေအထားအရ လူစည်ကားသည်မှန်​သော်လည်း သူတို့နှစ်​ယောက်မှာ​တော့ နှစ်​ယောက်တည်းတစ်​လောကဖြစ်​နေသည်။

ရှက်ဝဲဝဲနှင့် နှုတ်ခမ်းဖျားက ​ကြွေကျလာတတ်​သော အာ​​မေဋိတ်သံ​လေးများကို ပန်းပွင့်များလို သီကုံးထားလိုက်ချင်သည်။ မသိမသာနီရဲ​နေ​​သော ပါးမို့မို့​လေးများက ​ထောက်ရှားပန်းပွင့်​တွေ ​ကြွေကျ​နေသည့်နည်းတူ။ သူ့စိတ်ကူးထဲကအတိုင်း၊ ဒါမှမဟုတ် စိတ်ကူးထဲကပို၍ မျက်ခြယ်က သိပ်လှသည်။
နတ်သက်​ကြွေလာသူတစ်​ယောက်​တောင် မျက်ခြယ်ကို မီနိုင်မှာမဟုတ်။

"သိပ်ကြည့်တာပဲ။ ဘယ်လိုအစာစားရမလဲ​တောင် မသိ​တော့ဘူး"

"ဒါဆို ဘာလို့ကြည့်ချင်စရာ​ကောင်း​အောင် စား​နေ​သေးလဲ ဟင်.."

"​​ဟောဗျာ.. ကျွန်​တော်က ပုံမှန်အတိုင်းစား​နေတာမဟုတ်ဘူးလား။ ဒီလိုနဲ့ပဲ ခရိုင်မင်း​ခေါက်ဆွဲ​တွေက ပွ​​​တော့မှာ"

ကိုယ်ကပဲ အကဲပို​နေမိတာလား။ သာမာန်စကား​လေး​ပြောရင်​တောင် ရင်ခုန်မိ​နေတာ။ မျက်ခြယ်ဘက်က ဘယ်လိုသ​ဘောထားပြီး​ပြောတယ်ဆိုတာ မသိရ​သေးခင် ကိုယ့်မှာ​တော့ ခရီးရှည်ကြီးကို ကြို​တွေး​နေမိပါသည်။

နဖူး​ပေါ်ဝဲကျ​နေ​သော အညို​ရောင်ဆံစများကို ခပ်ဖွဖွတို့ထိရင်း မင်းဆီကို အပတ်တိုင်း စာသဝဏ်လွှာပို့​နေသူဟာ သည်လူဖြစ်​ကြောင်း ​ပြောလိုက်ချင်သည်။ အမြန်ဆုံး​ပြောထွက်နိုင်ဖို့ရာ အ​ခြေအ​နေအချိန်အခါကို ကိုယ့်မှာတွက်ဆ​နေရသည်။ အချိန်မှန်ဖြစ်ဖို့ရာ ဘယ်​ဗေဒင်ဆရာက တွက်ဆနိုင်မှာတဲ့လဲ မျက်ခြယ်ရယ်။

"ကျွန်​တော့်အတွက်​တော့ ဒီအရသာက ပုံမှန်ပဲ။ ခရိုင်မင်းအတွက်​ရော.. အစပ်များ ​ပေါ့​နေ​ရော့သလား"

"​မောင်က အစားအ​သောက်​ကြေးမများတတ်ပါဘူးကွယ်"

Taehyung အကြည့်တစ်မျိုးဖြင့်ကြည့်မိသည်။ 'အတည်ကြီး ဒီလို​​ပြော​နေတာလား'ဟု ​မေးချင်​နေ​သော အကြည့်မျိုး။ ဒါ​​ပေမဲ့ ​မေးခွန်းထုတ်လိုက်ရန် အခါအခွင့်မသင့်မှာစိုး၍ ဆိတ်ဆိတ်သာ ဆက်​နေလိုက်သည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now