Part 25

1.9K 315 44
                                    

Unicode~

သည်​နေ့ထိတိုင် Taehyungမှာ ညာဘက်မျက်ခမ်းက ခပ်လှုပ်လှုပ်ဖြစ်​နေဆဲ။ အတိတ်နိမိတ်တ​ဘောင်​တွေ မယုံ​သော်ငြား ​နေရခက်လွန်းလှတာ​တော့ အမှန်ပင်။ မျက်လုံးကို ပွတ်သပ်ပြီးရင်း ပွတ်သပ်မိ​တော့ ညာဘက်မျက်သားဖြူဖြူတို့က အနီ​ရောင်သန်းလုလု။ ဒါကို ​မောင်ကမြင်​တာနဲ့ ပြာပြာသလဲ ထ​မေး​တော့သည်။

"မျက်ခြယ် မျက်လုံးက ဘာဖြစ်တာလဲ..နီရဲ​နေတာပဲ"

"မျက်ခမ်းကလှုပ်​နေတာ ဟိုတစ်ရက်ကတည်းကပဲ။ ​နေရခက်လို့ ပွတ်မိရင်းနဲ့ ခုလိုဖြစ်ကုန်တာ"

"ဘယ်​လောက်​နေရခက်ခက်သတိထားမှ​ပေါ့ကွာ။ အရမ်းပွတ်မိရင် ပိုဆိုးကုန်လိမ့်မယ်"

"အင်းပါ။ ဘာမှလည်းမဖြစ်​နေပါဘူး စိုးရိမ်မ​နေပါနဲ့။ အခု ဘယ်သွားကြမှာလဲ သွားမယ်​လေ"

မင်္ဂလာပွဲရက်နီးလာသည်နှင့်အမျှ ပြင်ဆင်စရာ​တွေကလည်း များပြီးရင်း များလာသည်။ နဂိုကပင် ရုံးအလုပ်က မနည်းလှသည်​ကြောင့် အချိန်ပင်လု​နေရသည့်အဖြစ်။ သို့​သော် ​မောင်က မျက်နှာကြီးသည်​ကြောင့်ပဲထင်ပါရဲ့.. မဖြစ်မ​နေရက်တစ်ပိုင်းခွင့်ယူရသည့်ကိစ္စများကိုပင် မန်​နေဂျာကြီးက ရစ်မ​​နေ​တော့ပါ။ ဪ.. ရာထူးအာဏာဆိုသည်က တန်ခိုးကြီးလိုက်ပုံများ​ပေါ့။

"ပန်းအလှပြင်တယ်ဆိုတဲ့တစ်​ယောက်ဆီ သွားစုံစမ်းမလို့​လေ။ ဒီမြို့မှာ​တော့ သူက နာမည်အကြီးဆုံးဆိုလားပဲ။ ရက်ချိန်း​တောင် ​တော်​တော်ကြိုယူရမှာဆိုပဲ။ မျက်ခြယ်များ သူ့ကိုသိ​နေမလား"

"မသိ​လောက်ပါဘူး ​မောင်ရယ်။ ရုံးနဲ့အိမ်တင် အလုပ်များ​​နေတာကို ဘယ်လိုလုပ်ပြီး ပန်းအလှပြင်တဲ့သူကို သိနိုင်မှာလဲ"

"ဟုတ်လား။ ​မောင့်ဝန်ထမ်း​တွေ အားလုံးက သူ့ကို သိပြီး ညွှန်း​နေကြ​တော့​လေ"

ပန်းအလှပြင်သည့်အမျိုးသမီး၏အိမ်က သူ​နေသည့်အိမ်နှင့် အတန်ငယ်အလှမ်း​ဝေး၏။ မြို့ထဲတွင်ဖြစ်ပါလျက် ဆန့်ကျင်ဘက်အရပ်​ရောက်​နေသည်။

​မောင့်ကား​လေးက တ​ရွေ့​ရွေ့ထွက်လာချိန် သူက ကားပြတင်းမှန်ကို အဆုံးထိချထားသည်။ ​ပြင်ပ​လေထုကို ခံစားရပါမှ ကားစီးရတာကို သူက သ​​​ဘောကျ​နိုင်တာ​။ ​လေ​နုတသင်းသင်းက ​နွေး​​ထွေးစွာ တိုက်ခတ်သည်။ ကားပြတင်းမှ လက်ကိုအပြင်ထုတ်မိချိန် လက်ဖဝါးနုနုဆီ ​လေထုဖြတ်စီးသွားသည်အား ခံစားရသည်က သာယာကြည်နူးဖွယ်အတိ။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now