Part 24

1.9K 316 51
                                    

Unicode~

မနက်ခင်းအလင်း​ရောင်ဝင်​နေသည်နှင့် ညာဘက်အ​ပေါ်မျက်ခမ်းစပ်က တလှုပ်လှုပ်ရယ်​ကြောင့် Taehyungစိတ်ထဲဘဝင်မကျလှ။ ​အယူသည်းတတ်သူ မဟုတ်​သော်ငြား ​ရှေးထုံးလည်းမပယ်နှင့်၊ ​ဈေးနှုန်းလည်း မကြွယ်နှင့်ဆိုသည်က ရှိပြန်​သေးသည်။ ညာဘက်အ​ပေါ်မျက်ခမ်းစပ်က ​ကောင်းသည်လား ဆိုသည်လား သူမမှတ်မိပြန်။

အို.. ဘာပဲဖြစ်ဖြစ် မျက်ခမ်းစပ်တစ်ခုက ကံကြမ္မာကို အဆုံးအဖြတ်​ပေးမည်ဆိုတာ အဓိပ္ပါယ်မှ မရှိဘဲ။

​နွေ​ဦးကုန်ခါနီးကာလမှာ မနက်ခင်းတိုင်းက ​ရွှေ​ရောင်တဝင်းဝင်း။ ​နေအလင်း​ရောင်က မနက်မိုးလင်းသည်နှင့် ကမ္ဘာ၏တစ်ဖက်တစ်ခြမ်းကို လွှမ်းခြုံစပြုလာသည်။
ဝရန်တာဘက်က တံခါးမကြီးကို ဖွင့်ကြည့်ပါက ခရမ်းနု​ရောင် ​ထောက်ရှားပွင့်​တွေဟာ သူ့နည်းသူဟန်နှင့် တစ်မြို့လုံးကို အလှဆင်​နေပါ၏။

​ထောက်ရှားပန်းတို့ကို မြင်လိုက်ရ​တော့ အနည်းငယ်ဘဝင်​​အေးသွားသည်။ နိုးနိုးချင်းကာလက ပူပန်​နေမိ​သော မျက်ခမ်းစပ်လှုပ်ခတ်ခြင်းအ​ကြောင်း အ​ရေးတယူမ​တွေးမိ​တော့။ အိပ်ရာနိုးစမှာ ကြွက်သားတို့လှုပ်ရှားခြင်းသက်သက်ဖြစ်ပါလိမ့်မည်။

ရုံးဖွင့်ရက်များမှာ ယခင်ကအတိုင်း အ​ပြောင်းအလဲမရှိ ကိန်း​သေသ​ဘောတရားနှင့်သာ လည်ပတ်လို့​နေသည်။ ဖြစ်သလိုပြင်ဆင်ထား​သော မနက်စာ​အေးစက်စက်ကိုလည်း အချိန်ယူလို့ အရသာမခံဖြစ်ပါ။ ​နွေ​ရောက်လုနီးနီး ​နေပူသည့်အရှိန်ရယ်​ကြောင့် ​အသံလွှင့်ရုံကို လမ်း​လျှောက်သွားရသည်က​တော့ စနိုးစ​နောင့်ဖြစ်စရာပင်။

ရုံးသွားသည့်လမ်းတစ်​လျှောက်မှာလည်း ​နေစူးစူး​ကြောင့် မျက်​မှောင်ကြုတ်ထားရသည်။ ​ထောက်ရှားပင်ခပ်ကြီးကြီးရှိသည့်​နေရာများ ​ရောက်လျှင်​တော့ မဆိုသ​လောက် အပူချိန်က​​လျော့သွားတတ်သည်။ သို့​​သော် ​ထောက်ရှားရုံများမှ ​လေပြည်က​တော့ အသားပွန်းပဲ့မတတ် ကြမ်းရှရှ။

"မင်္ဂလာနံနက်ခင်းပါ Mr. Kim"

"မင်္ဂလာနံနက်ခင်းပါ"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now