Chapter 7

740 125 44
                                    

Unicode

တတောက်တောက်နဲ့ ထင်းမီးတောက်လောင်နေတဲ့ အသံက လွဲပြီး တခြား ဘာသံမှမကြားရ။မီးပုံဘေးမှာ လူ၇ယောက်စုထိုင်နေပေမဲ့ တစ်ယောက်မှ စကားမဟကြ။အဆိုးဆုံးကတော့Buiပင်။Bui သူ Apo မရှိတော့ဘူးဆိုတာကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်သေးဘူး။သူ့နည်းတူ ကျန်တဲ့ လူတွေကောပဲ။၁၀ရက်လောက် ခရီးအတူဆက်ခဲ့ကြတာ ခုလို့အုပ်စုထဲက နှစ်ယောက်က ရုတ်တရက်ကြီးပျောက်သွားလိမ့်တော့ သူတို့လည်း လက်ရှိအခြေအနေကို နားလည်ရခက်နေသည်။

တိတ်ဆိတ်နေတဲ့ စကားဝိုင်းကို ကယ်တင်ရှင်လူသုံးယောက်က စတင်လိုက်သည်။

"အဟင်း...ငါနာမည် Nodt..."

Nodtဆိုတဲ့အမျိုးသားက သူ့ကိုသူစတင်မိတ်ဆက်လာသည်။သူရဲ့ ဆံပင်တဝက်ကို စုသိမ်းစည်းထားပြီး နားမှာ နားကွင်းတွေ အနည်းဆုံး သုံးခုလောက်တော့ ရှိနေတယ်။သူက သူစိမ်းသုံးယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်က Bas နဲ့ Pong ...

သူတို့သုံးယောက် လူတွေကောကယ်မိတာ ဟုတ်ရဲ့လားလို့ တွေးမိသည်။ကယ်လာတဲ့ လူ၄ယောက်က စွံအနေသူတွေလို တိတ်ဆိတ်လို့နေလေသည်။

Bas-"မင်းတို့ အစိုးရ‌လက်အောက်ကို ခိုလှုံဖို့လာကြတာမလား.....ကျန်တဲ့ခရီးကို ငါတို့နဲ့ ဆက်လို့ရတယ်...ငါတို့မှာ လက်နက်အပိုတွေရှိတယ်....‌မင်းတို့ကို မျှလို့ရတယ်။ပြီးတော့ မင်းတို့ရဲ့အထုတ်အပိုးတွေထဲက အဝတ်တွေကိုတော့ ငါလှမ်းထားပေးတယ်...အစားအစာတွေက မကောင်းတော့လို့ လွှတ်ပစ်လိုက်ပြီ...."

Nodt-"မင်းတို့ ဒီည စောစောအနားယူကြပေါ့...မနက်ကြသေချာပေါက်ခရီးဆက်မှရမှာ ဒဏ်ရာရထားတဲ့သူတွေ ပိုပြီးအနားယူကြ..."

Nodtက သူပြောသင့်တာကို ပြောပြီးထထွက်သွားသည်။

Pongဆိုတဲ့အမျိုးသားကတော့ မီးပုံကို ထပ်ပြီးလောင်စာဖြည့်လိုက်ပြီး မသွားခင်Buiကို လှမ်းကြည့်လိုက်သေးသည်။ဘာမှတော့မပြောခဲ့....

Jeff နဲ့ Barcodeကလည်း အသီးသီးအိပ်ဖို့နေရာယူကြသည်။

Bible Buiကို အိပ်ဖို့တိုက်တွန်းချင်ပေမဲ့ ခဏလောက်တော့လွှတ်ထားတာကောင်းမယ်ဟုတွေးလိုက်သည်။သူ သူ့ဘေးမှာ Buiတစ်နေရာစာ အိပ်ယာခင်းပေးထားလိုက်ပြီး

BEASTS  ( complete)Where stories live. Discover now