Chapter 27

707 106 39
                                    

Unicode

စိမ်းရွှင်ရွှင် ဆေးနံ့ကြီးက နှာခေါင်းထဲသို့တိုးဝင်လာသည်။ခေါင်းပိုင်းတစ်ခုလုံးတစ်ဆစ်ဆစ်နဲ့နာကျင်နေပြီး မျက်လုံးတွေက စပ်ဖျင်းဖျင်းဖြစ်လို့နေသည်။အခုသူ့မှာ အသိစိတ်ရှိသေးတယ်ဆိုတော့ သူ‌မသေသေးတာလား...Buiလေးလံနေ‌တဲ့ သူ့မျက်လုံးတွေကိုတော်တော်လေးအားယူပြီးဖွင့်ဖို့ကြိုးစားလိုက်ရသည်။နိုးနိုးချင်းမြင်လိုက်ရတာက စည်းကြိုနေတဲ့ မျက်နှာကျက်အဖြူကြီး...

"မင်းသတိရလာပြီလား..."

Bible....သူငါ့နားမှာရှိနေပြီလား....

Bibleက သူဘေးနားမှတစ်ချိန်လုံးရှိနေခဲ့တာဖြစ်သည်။ဒါပေမဲ့ သူ့ကြည့်ရတာ တော်တော်လေး စိတ်ထိခိုက်နေတဲ့ပုံပင်။အခုလိုမြင်ရတော့ မနေနိုင်စွာနဲ့

"မင်းနေမကောင်းဘူးလား...."

"Bui... "

"အင်း...."

"ကိုယ်တောင်ပန်းပါတယ်..."

"ဘာအတွက်လဲ...."

"ကိုယ်ဒီထက်ပိုပြီး စောစောရောက်လာသင့်တာ..."

"မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့...."

"အစောကြီးထဲက ငါသတိထားခဲသင့်တာ...တောင်းပန်ပါတယ်...ပြီးတော့ ကျေးဇူးပါ..."

"ထပ်ပြီးတော့ ဘာအတွက်လဲ...."

"ကိုယ့်ကို တစ်ယောက်ထဲမထားခဲ့လို့...ရေဆိုးမြောင်းထဲမှာ မင်ကိုတွေ့တဲ့ အချိန်တုန်းက  မင်းသွေးတွေအမျာကြီးထွက်နေတာ ကိုယ်ရဲ့ ဦးနှောက် ခဏလောက် ဗလာကျင်းသွားခဲ့တယ်...ကိုယ်မင်းကို ဆုံးရှုံးရမှာအကြောက်ဆုံးပဲ...."

"ငိုနေတာလား...."

"ကိုယ်ဘယ်မှာ ငိုနေလို့လဲ...."

"ဟား...ဟား...စတာပါ..."

Bui ကုတင်ဘေးက Bible လက်‌လေးကို တင်းတင်းကြပ် ဆုပ်ကိုင်လိုက်ပြီး

"အရူးလိုတောင်တွေး မြောက်တွေးလုပ်နေတာတွေ ရပ်လိုက်တော့....ငါက ကံကောင်းတဲ့ လူတော့မဟုတ်ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့ကံတော့မပါလာသေးပါဘူး...ပြီးတော့..."

Bibleရဲ့ မျက်နှာကို ဖွဖွလေးအုပ်ကိုင်ရင်း

"ငါတို့ရဲ့ အချိန်တွေကိုပြေးလွှာပြီးကုန်ဆုံခဲ့ရတာ ဘယ်လိုလုပ် ကျေကျေနပ်နပ်ကြီး အသေခံနိုင်ရမှာလဲ...ပြီးတော့ ဘယ်လောက်ပဲပြဿနာကြီးကြီး မင်းငါ့ကို မထားခဲ့ဖူးဘူး ငါကောပဲ အနည်းဆုံးတော့ လူသားဆန်ချင်သေးတယ်...မင်းကိုထားပြီးထွက်သွားရင် ဘယ်မျှတမလဲ...မင်းပြောခဲ့သလို့ပေါ့ ငါမင်းကိုချစ်မိကတည်းက မင်းကိုထားသွားဖို့ရည်ရွယ်ချက်မရှိဘူးလို့...."

BEASTS  ( complete)जहाँ कहानियाँ रहती हैं। अभी खोजें