Chapter 28

718 106 70
                                    

Unicode

ဝန်ကြီးချုပ် Sumettikul ရဲ့ရုံးခန်းထဲကိုရောက်နေတာ နာရီဝက်လောက်ရှိနေပြီ...ရုံခန်းက အခုချိန်ထိ တိတ်ဆိတ်လို့နေတုန်း။Khun Sumettikul က ဘာဆိုဘာမှမပြောဘဲ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ Buiကိုပဲ အချိန်အတန်ကြာတဲ့အထိ ပေါက်ထွက်မတက် စိုက်ကြည့်နေဆဲ။

ဘာလိုများ ဒီသားအဖ‌တွေက လူကိုသက်သက်မဲကြီးစိုက်ကြည့်တတ်တဲ့ အကျင့်ဆိုးကြီးတွေရှိနေတာလဲ။Jonathan တုန်းက ‌အော်ရဲပေမဲ့ ဝန်ကြီးချုပ်ကိုကျ ပြန်မပြောရဲဘူး။သူ့သားနဲ့ မပေးစားရင်...ဘယ်လိုလုပ်မလဲ။

သူ အတတ်နိုင်ဆုံးပြုံးထားရသည်။မဟုတ်ရင် ရုံခန်းထဲကနေ ထွက်ပြေးမိတော့မည်။

"အဟင်း...."

နောက်ဆုံးတော့ Khun Sumettikul ဆီက နေ ချောင်းဟန့်တဲ့ အသံထွက်လာခဲ့ပြီ။အံ့ဩစရာပင်။

"Jonathan..."

"khrub ပါး..."

"မင်းပြောတာ မှန်တယ်...သူက...တော်တော်လေး ..."

Bui-"......"

"ချစ်ဖို့ကောင်းတယ်..."

Bible -"လိုရင်းကိုပဲပြော..."

"မင်းပါးစပ်ပိတ်ထား...မင်းအသံငါမကြားချင်ဘူး..."

ကြည့်ရတာ Bibleနဲ့ ဝန်ကြီးချုပ်နဲ့က တော်တော်လေး စကားများထားတဲ့ ပုံပဲ။Buiသားအဖ နှစ်ယောက်ကြားနေရ တော်တော်လေးခက်နေမိသည်။Johnathanကတော့နေသားကျနေပြီးသား ထင်သည်။

"ငါ့သားနဲ့ မင်းနဲ့ တွဲတာဘယ်‌‌ လောက်ကြာပြီလဲ..."

ဒီတစ်ခေါက်မေးခွန်းက Buiအတွက်ဖြစ်ပြီး ဘိုးတော်ရဲ ပုံက တော်‌တော်လေး လေးလေနက်နက်ရှိနေတာမို့

~ဟူး~

စိတ်လှုပ်ရှားလွန်းလို့ တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်ပြီး

"သိပ်မကြာသေးဘူး နှစ်ပတ်လောက်ပဲရှိသေးတယ်..."

"နှစ်ပတ်...နည်းတာပေါ့ သူအရင်ရည်းစားဟောင်းတွေထဲမှာ လနဲ့ချည်ပြီး တွဲခဲ‌တဲ့တာတွေတောင်ရှိတယ်..."

"....."

"ပြောချင်တာက နှစ်ပတ်လောက်ပဲတွဲရသေးတာကို Bibleက ဘာလို့ မင်းနဲ့အတူ တူးမြောင်းစခန်းမှာ သွားနေဖို့ တောင်းဆိုနေရတာလဲ..."

BEASTS  ( complete)Where stories live. Discover now