Chapter 16

777 114 26
                                    

Unicode

ပရိုတင်းဖျော်ရည်နံ့ဟာ နှာခေါင်းထဲကိုတိုးဝင်လာသည်။ခပ်ပျစ်ပျစ် ပရိုတိန်းဖျော်ရည်တွေကိုသောက်နေရသည်မှာ ရက်ချို့နေပြီ။မျက်လုံးဖွင့်လိုက်တာနဲ့မြင်နေကျ မျက်နှာကြက်ဖြူကြီး တွေနဲ့ နရံဖြူတွေကို ပဲတွေ့နေရသည်။လက်‌တွေကိုပါ လက်ထိပ်ခက်ခံထားရတာမို့ တော်တော်‌လေးအဆင်မပြေ။ သူကုတင်ခြေရင်းကို ကြည့်လိုက်တော့ ပရိုတင်း ဖျော်ရည်တစ်ခွက်နဲ့ ပေါင်မုန့်၂ချက်။အနံဆိုးယုံတင်မကဘူး အဝင်ပါဆိုးတာကြောင့် အစားသောက်ဗန်းကို အဝေး‌ရောက်အောင် ခြေထောက်နဲ့တွန်းလိုက်သည်။

~တီ~တီ~တီ~

အဖြူရောင် အလုံပိတ်ခန်းရဲ့ တံခါးက လျိုဝှက်နံပါတ်နှိပ်သံတတီတီကို ကြားရပြီးတဲ့နောက် ပွင့်လာသည်။အဖြူရောင် ဂျူတီကုတ်ဝတ်ထားတဲ့ Dr.Knightက သူ့အခန်းထဲကိုဝင်လာသည်။တစ်ယောက်တည်း တော့မဟုတ်ဘူး။suitအပြည့်ဝတ်ထားတဲ့ သူနဲ့ရွယ်တူလို့ထင်ရတဲ့ အမျိုးသားတစ်ယောက်ပါပါလာသေးသည်။ဒါကသူနေတိုင်းတွေ့နေကျလူတွေပင်။
Dr.Knightကသူ့ကိုမြင်တော့

"ငါမင်းကို ပြစရာရှိတယ်..."

သူက laptop ကနေ video တစ်ပုဒ်ဖွင့်ပြလာသည်။videoထဲမှာ သားရဲတွေနဲ့ လူသားအုပ်စု ပစ်ခက်နေတာကိုတွေရပြီး အဲ့ထဲမှာ Buiနဲ့ကျန်တဲ့လူတွေ့လိုက်ရသည်။သူvideoကို သေချာအာရုံစိုက်ကြည့်နေတုန်း Dr.Knightက laptop ကို ပိတ်ချလိုက်သည်။

"မင်းသူငယ်ချင်းတွေ အစိုးရစခန်းကို ရောက်လာပြီ...."

"......."

"မင်းရဲ့ဆွဲကြိုးက အဲ့ကောင်လေးဆီမှာ....မင်းသူ့ဆီကနေဝောာင်းပေးနိုင်လား..."

"ထွီ....ခင်ဗျားလို ယုတ်ညံ့တဲ့ အကြံတွေပြည့်နေတဲ့ လူအတွက်နဲ့ ကျွန်တော်က တောင်းပေးမယ်များထင်နေလား..."

Dr.Knightက ဂျူတီကုတ်အဖြူရောင်ရဲ့ အတွင်းအိတ်ထဲကနေ လက်ကိုင်ပဝါကို ဆွဲထုတ်ပြီး မျက်နှာမှာလာစင်နေတဲ့ တံတွေးစတွေကို ပဝါနဲ့သုတ်လိုက်သည်။ပြီး‌နောက်မျက်နှာချင်ဆိုင်မှာရှိနေတဲ့ apoရဲ့မျက်နှာကို ခြေထောက်နဲ့ ခပ်ပြင်းပြင်းတစ်ချက်ကန်လိုက်၏။ကန်ချက်ပြင်းပြင်းကြောင့် Apoလဲကျသွားသည်။နှာခေါင်း‌ သွေးတွေက အဖြူရောင်းကြမ်းပြင်ပေါ်ကို စီးကျနေလျက်...Dr.Knightက သူ့ရဲ့ခေါင်းကို ခြေထောက်နဲ့ တက်ဖိထားပြီး

BEASTS  ( complete)Where stories live. Discover now