Chapter 8

799 117 60
                                    

Unicode

Bibleကြောင့် စိတ်ရှုတ်ရှုတ်နဲ့ အိပ်လိုက်တာဘယ်လောက်တာကြာသွားလည်းမသိဘူး...သူနိုးလာတော့ နဖူးပေါ်မှာ အဝတ်ဆိုတစ်ခုရှိနေပြီး Bible ကို လည်း သူ့ဘေးမှာတွေ့လိုက်ရသည်။

"မင်းဒီမှာဘာလုပ်နေတာလဲ ....အပြင်ထွက်နေလေ...."

Bibleက သူ့နဖူးပေါ်မှာရှိနေတဲ့ အဝတ်စကို လှမ်းယူလိုက်ပြီး ရေဇလုံထဲကို နစ်လိုက်သည်။
ရေထဲနစ်လိုက်တဲ့ အဝတ်စကို ရေစင်အောင် ညစ်လိုက်ပြီး Buiနဖူပေါ်ပြန်တင်လိုက်သည်။

"မင်းအဖျားမကျလို့ ငါအပင်အပန်းခံပြုစုပေးနေတာလေ....မင်းက ကျေးဇူးမတင်တဲ့အပြင်နှင်လွှတ်နေတာလား....မင်းဘာလို့အဲ့လောက်တောင်ရိုင်းစိုင်းရတာလဲ...."

"မင်းကမှ တကယ် အရိုင်းအစိုင်းကောင်...မင်းအရှေ့က ငါက မင်းထက်အသက်ကြီးတယ်..."

"အသက်ကြီးပေမဲ့ မင်းက လေစားစရာမှမကောင်းတာ..."

"မင်း...ခွေးကောင်..."

Bibleက ရေပတ်ဝတ်ကို ရေထပ်ညစ်လိုက်ပြီး Buiရဲ့ အင်္ကျီ ကြယ်သီးတွေကိုဖြုတ်ဖို့ လက်လှမ်းလိုက်သည်။

Buiက သူ့အင်္ကျီးကြယ်သီးတွေကိုဖြုတ်ဖို့ကြိုးစားလားတဲ့ Bible ရဲ့ လက်တွေကို လှမ်းဖမ်းလိုက်ပြီး

"မင်းဒါဘာလုပ်တာလဲ...."

"ရေပတ်တိုက်မလို့...."

"Fuck မင်းဖင်ကြီးကို ရေပတ်တိုက်...ငါ့ကိုလာမထိနဲ့နော်..."

"မင်း ဘာဖြစ်နေတာလဲ...တော်တော်ပြောရခက်တာပဲ..."

"မင်းငါကို အသားယူတာများပြီ အယုတ်တမာကောင်..."

"မင်းဘာပြောလိုက်တယ်..."

Bible ကရေပတ်ဝတ်ကို ပစ်ချလိုက်ပြီး အိပ်ယာပေါ်ကBuiပေါ်ကို အုပ်မိုးလိုက်သည်။

"မင်းဘာလုပ်တာလဲ...."

Bibleရဲ့ ခေါင်းက Buiနားကို တဖြည်းဖြည်းတိုးကပ်လာသည်။ Buiထံမှ အသက်ရှူထုတ်လိုက်တဲ့ အနွေးဓာတ်ငွေ့ငွေ့လေးက သူ့ပါးကို ထိခက်လာသည်။

Bui သူ့ရဲ့နားကို အတင်းတွေတိုးကပ်လာတဲ့ Bible ကြောင့်သူ ထိပ်ထိပ်ပြာပြာ ဖြစ်မိသည်။သူရဲ့ ဘယ်ဘက်ရင်အုံက ပေါက်ထွက်လုမတက်ခံစားနေရသည်။Bibleမျက်နှာကို သူအခုမှ ပထမဆုံး အနီးကပ်မြင်ဖူးတာဖြစ်သည်။
ချီးပဲ...ဒီအရိုင်းအစိုင်းက ဘာလို့သောက်ရမ်းချောနေရတာလဲ....

BEASTS  ( complete)Where stories live. Discover now