Chapter 1

2.1K 133 20
                                    

Unicode

လှိုင်ခေါင်းတွင်းမှ တတောက်တောက် ရေကျသံတွေကို ကြားနေရသည်။ရေလား သွေးတွေလားတော့မသဲကွဲပေ။သွေးလို ပျစ်ခဲမှုမရှိပေမဲ့ ညှီစို့စို့ပုတ်နံတွေတော့ ပါနေ၏။Khun Jakapanက မျက်နှာထက်ကို ကျလာတဲ့ ခပ်အေးအေးရေစက်ကို လက်နဲ့ပွတ်သပ်လိုက်ကာ အပေါ်သို့မော့ကြည့်မိသည်။လှိုင်ခေါင်းအတွင်းမှောင်မည်းနေသည်မို့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရပေ။တစ်ချက်တစ်ချက် လေနဲ့အတူပါလာတဲ့ အော်ဂလီဆန်စရာ ပုတ်နံကြောင့် ပြို့တက်နေမိသည်မှာ အကြိမ်အရေအတွက်မနည်းတော့ပေ။

"အိုက် po ....ငါအန်ထွက်မိတော့မယ်...."

"မင်း အခုချိန်ထိ ဒီအနံတွေနဲ့ နေသားမကျသေးဘူးလား....."

"အရင်နေရာပဲနေနေတာ အဆင်ပြေနေတာကို ဘာလို့ နေရာပြောင်းဖို့ စိတ်ကူးလိုက်တာလဲ...."

"အစိုးရရဲ့ လက်အောက်ကိုအမြန်ဆုံးခိုဝင်မှ ငါတို့အသက်အတွက် အာမခံချက်ရှိမှာ မင်းသက်တမ်းစေ့မနေချင်‌ တော့ဘူးလား....."

"အေး....ခုတော့ ဓာတ်မီးကို အရှေ့သေချာထိုး ချောလဲရင် ငါအန်မိမှာသေချာတယ် ....."

"ဒီလှိုင်ခေါင်းက ဖြတ်တာအကောင်းဆုံးပဲ အပြင်က သွားရင် အဲ့ကောင်တွေရဲ့အစာဖြစ်သွားလိမ့်မယ်....."

"ဒီထဲမှာကော မရှိဘူးလို့ မင်းကိုဘယ်သူပြောလိုက်လဲ...."

ပြောရလက်ပေါက်ကပ်သည်။Apoက ကပ်သီးကပ်ဖဲ့နိုင်လွန်တဲ့ Bui ကို ခပ်တွေတွေ တစ်ချက်စိုက်ကြည့်လိုက်ကာ

"မင်း အဲ့လို့သောက်စကား‌များနေရင်တော့ မင်ပထွေးတွေဆီက အစားခံရမှာ‌ တော့သေချာတယ်......"

Khun Jakapan ရဲ့ ကရားရေလွှတ်ပြောနေတဲ့ ပါးစပ်က အဆုံးမှာပိတ်သွားလေသည်။

သူတို့နှစ်မိုင်လောက်လမ်းလျှောက်ပြီး တာတောင် လှိုင်ခေါင်းရဲ့ တစ်ဖက်အပေါက်ကို မမြင်ရသေးပဲ အလင်းရောင်ဆိုလို့ Apoကိုင်တဲ့ လက်နှိပ်ဓာတ်မီးမှ လာတဲ့ မှိန်ပြပြအရောင်လေးသာရှိသည်။

"ချီးပဲ Apo....ငါတို့ဘယ်ထိဆက်လျှောက်ရဦးမှာလဲ...."

"ဒီမှာတော့ညအိပ်လို့မဖြစ်ဘူး....အပြင်မရောက်မချင်းဆက်လျှောက်ရမှာပဲ....."

BEASTS  ( complete)Where stories live. Discover now