Chapter 23

652 89 19
                                    

Unicode

~ကျွီ~

Tongက စားသောက်ဆိုင် အဝင်တံခါးကို ဆွဲဖွင့်လိုက်ပြီး အပြင်ကို တစ်ချက်ကြည့်လိုက်သည်။
အစိုးရစခန်း တစ်ခုလုံးက မီးခိုးမှိုင်းတိုက်ခံထားရသလို ဖုန်အလိမ့်လိမ့်ထနေသည်။

~ကျွီ~

Mileက  သူဖွင့်ထားတဲ့တံခါးကို အတင်းပြန်ဆွဲ ပိတ်လိုက်ပြီး

"ခဏလောက်လေးများငြိမ်ငြိမ်လေးထိုင်နေပေးလို့မရဘူးလား..."

"Oii~ ဒီထဲမှာ ဆက်မနေချင်တော့ဘူး တစ်နေကုန် ဒီစားသောက်ဆိုင်ကျဉ်းကျဉ်းလေးထဲမှာနေနေရတာ..."

Ping-"ကျွန်တော်ဆိုင်ကို သေးသေးလေးလို့ပြောလိုက်တာလား...."

"မဟုတ်လို့လား...."

"......."

Tong Mileကို လုံးဝမကျေနပ်တော့တာကြောင့် မျက်စောင်းထိုးပြီး ထွက်လာခဲ့သည်။Pingရှေ့ရောက်တော့မမေ့မလျော့ခြေစောင့်မိသေးသည်။

Ping-"တစ်ခါတစ်လေကျ သူက တစ်မျိူပဲနော်...."

*________*_______*_______*

Tongက ရေခဲသေတ္တာထဲက သစ်သီးဗန်းကို ယူပြီး အခန်းတစ်ခုထဲကို သယ်သွားသည်။အခန်းထဲမှာBui Apo နဲ့ Barcode တို့က အခန်းထဲမှာရှိနေကြသည်။အခန်းတံခါးကို အားပြင်းပြင်းနဲ့ဖွင့်ပြီးအခန်းထဲကို ဆောင့်အောင့်ပြီးတင်လာတဲ့ Tong ကို အားလုံးအကြောင်သား ဝိုင်းကြည့်ကြတော့ အစကတည်းက စိတ်မကြည်တဲ့သူမို့

"ဘာလာကြည့်နေကြတာလဲ....."

Bui- "ဘာဖြစ်လာတာလဲ P'...."

"အိုက် Mile ပေါ့.... ခုချိန်ထိ အပြင်ပေးမထွက်သေးဘူး... ငါဒီမှာ ဆက်မနေချင်တော့ဘူး...အပြင်က ပတ်ဝန်းကျင်ကိုလည်းကြည့်ဦး မီးခိုးမှိုင်းတိုက်နေတာ ဘာမှမမြင်ရဘူး စခန်းကိုပဲပြန်ချင်နေပြီ...."

Bui- "P' ပြန်ရင် ကျွန်တော်ကော ပြန်လိုက်ခဲ့လို့ရလား.... ကျွန်တော် စခန်းကို အရမ်းလွမ်းနေတာ အိုက်USကိုကော....."

"အဲ့ဒါက မင်းရည်းစားကိုအရင်သွားမေး.... ငါ့မှာ သူ့ကို ကျော်ပြီး လုပ်ပိုင်ခွင်မရှိဘူး...."

"အမ်....ဘာဆိုင်လို့လဲ....."

"မင်းရည်းစားလောက် ကြောက်ဖို့ကောင်းတာ မင်းရည်းစားပဲ.... သူက မင်းကလွဲရင် ဘယ်သူ့ကိုမှ ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး..... သူ့ကိုအသိမပေးဘဲမင်းကိုသာ စခန်းကိုခေါ်သွားရင် ငါကို ခွင့်လွှတ်မှာ မဟုတ်ဘူး...အဲ့တော့ မင်းဘာသာ အရင်သွားပြော... "

BEASTS  ( complete)Donde viven las historias. Descúbrelo ahora