Chapter 19

827 120 18
                                    

Unicode

ညနေစောင်းတဲ့ အချိန်မှာ ကောင်းကင်က တိမ်တောက်ခြင်းကြောင့် အနီရောင်ကို ပြောင်းလဲလို့နေသည်။Suvကားက ကွင်းပြင်တစ်ခုမှာရပ်ထားပြီး ကားနဲ့မနီးမဝေးမှာ မီးဖိုတစ်ခုဖိုထားသည်။ရာသီဉတုက သာယာပေမဲ့ လေစိမ်းတွေ အရမ်းတိုက်နေခြင်းတစ်ခုသာ။Apoက ရေမချိုးရသေးတာမို့ သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က အရမ်းမြင့်နေခဲ့သည်။လေစိမ်းဒဏ်ကို သူမခံနိုင်တာကြောင့် သူ့ကိုယ်ပေါ်မှာစောင်တစ်ထည်ကိုခြုံထားသည်။Jeffက guitar chords အသစ်တွေကို Barcode အားသင်ပေးနေခဲ့သည်။မီးပုံးဘေး မှာ သူတို့သုံးယောက်သားထိုင်နေခဲ့ပေမဲ့ Bibleနဲ့ Buiကတော့ ...

ကွင်းပြင်ကျယ်ကြီးနဲ့ မလှမ်းမကမ်းမှာ ဆောက်လုပ်ရေး စီမံကိန်းတစ်ခုကြောင့်စက် တွေနဲ့ အတူးခံထားရတဲ့ မြေချိုင့်အကြီးကြီးတွေရှိနေသည်။Buiမြေချိုင့်ကြီးရဲ့ ကမ်းပါးစွန်းမှာထိုင်နေပြီး တိမ်တွေကို ငေးကြည့်နေခဲ့သည်။Bibleက သူ့ရဲ့ ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းနဲ့လွယ်ပြီးမြေကမ်းပါးအစွန်းမှာ ထိုင်နေတဲ့ Buiဆီကို ထွက်လာခဲ့သည်။

သူအနား‌ရောက်တော့Buiဘေးမှာဝင်ထိုင်လိုက်သည်။Buiက ခြေထောက် ဘယ်လောက်တောင်နာ နေမှန်းသိသာလွန်းပါသည်။သူ့ရဲ့ခြေထောက်တွေကို ကွေးဖို့တောင် မတက်နိုင်‌တာကြောင့်ခြေစင်းထိုင်ထားရသည်။‌ဘောင်ဘီက ဒဏ်ရာ တစ်ဝိုက်သွေကွက်ရာကြီးကလည်း လူမြင်မကောင်းပေ။

"မင်းဘာသွားလုပ်တာလဲ...."

Bibleက သူရဲကျောပိုးအိပ်ကိုမြှောက်ပြလိုက်သည်။ဘောင်းဘီအိပ်ကပ်ထဲ ခေါက်ဓားကို ဆွဲထုတ်လိုက်ပြီး Buiရဲ့ ပေါင်နားက ဘောင်ဘီစတွေကို ဓားနဲ့ဆွဲဖြဲလိုက်သည်။'ဗြိ'ဆိုတဲ့အသံကြားမှ Buiက သူ့ဘောင်းဘီပြဲသွားပြီဆိုတာကို သတိဝင်လာပြီး သူရဲ့ တိမ်ကြည့်ခြင်းအလုပ်က ပျက်သွားလေ၏။Bui Bibleကို တော်တော်လေးမကျေနပ်ဖြစ်သွားတာကြောင့်

"အိုက်Bib မင်းဘာလုပ်တာလဲ...."

Bibleက လေကုန်ခံပြီး မရှင်းပြတော့ဘဲ ဖြဲထားဘောင်ဘီ‌ပေါက် ကို ပိုကျယ်အောင်အားသုံးပြီးဆွဲဖြဲလိုက်သည်။

BEASTS  ( complete)Opowieści tętniące życiem. Odkryj je teraz