Chapter 15

768 122 15
                                    

Unicode

Mile ကoperator ပေါ်မှာပေါ်နေတဲ့ စာကြောင့် စွံအနေရှာသည်။မနက်ကတည်းက အစိုးရစခန်းက လွှင့်လိုက်တဲ့ သတိပေးစာကို ခုမှ သူတို့ ရတာတဲ့လား။သေလိုက်တော့။သူဗျာများနေချိန် ဆက်သွယ်ကိရိယာကနေ Taရဲ့ အသံက လွင့်လာသည်။သူဆက်သွယ်ကိရိယာကို ကောက်ကိုင်လိုက်ပြီး

"အိုက်Taခု အဲ့ကနေ ချက်ချင်းပြန်လာခဲ့...တံခါးမဖွင့်ပေးတာ အစိုးရစခန်းက သားရဲအုပ်ကို ခန့်မှန်းမိထားလို့...မြန်မြန် ပြန်လာခဲ့ ...."

သူပို့လိုက်တဲ့ အသံက လိုင်းအခြေအနေကြောင့် မရောက်နိုင်ဘဲကြန့်ကြာနေတာကြောင့်

"Oii.."

သူ microphone ကိုကောက်ကိုင်ကာ

"အိုက်Tong...ရွက်တဲကိုအမြန်လာခဲ့...."

Tongရွက်တဲထဲရောက်လာတော့ Mileက လက်ရှိအခြေအနေကို ရှင်းပြလိုက်မိတာ နောင်တတောင်ရသွားသည်။Tongက အော်ဟစ်ပြီး

"အဲ့တော့ မင်းဘယ်လိုလုပ်မှာလဲ...Oii....ငါကလေးတွေတော့ ‌ဒုက္ခရောက်ပါပြီ...အိုက်Mileတစ်ခုခုလုပ်လေ..."

"err...ငါ့သိတယ် မင်းပါးစပ်သာ ပိတ်ထားစမ်းပါ ငါပြောတာနားထောင် nodtတို့ပြန်ရောက်နေတယ်မလား...သူတို့နဲ့ စခန်းက လူတစ်ဝက်ငါခေါ်သွားမယ် မင်းအတွက်Basကိုထားခဲ့ပေးမယ် အိုက်Jobရယ် မင်းရယ် Basရယ် ကျန်နေခဲ့မယ်
မိန်းမတွေနဲ့ ကလေးတွေ လူအိုတွေကို ဂရုစိုက်ထား...ကြားလား..."

*_____*_____*_____*

Taက ဆက်သွယ်ရေးကိရိယာက တိုင်ပျောက်နေတာကြောင့် pick truck နောက်ခန်းပေါ်တက်ရပ်ပြီး တိုင်ဖမ်းနေခဲ့တယ်...

Buiက မက်တပ်ရပ်နေရတာညောင်းလာပြီမို့ အောက်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။အနားမှာရှိ‌နေတဲ့ တုတ်ချောင်းကို ကောက်ယူပြီး မြေကြီးပေါ် လျှောက်ခြစ်တော့သည်။

Taက pick truck နောက်ခန်းမှာရပ်ပြီး လိုင်းမိအောင်ကြိုးစားနေတာတောင် တစ်တိုင်မှမိမလာ။

"ပြဿနာပဲ တစ်တိုင်မှမမိဘူး...."

Bui က မြေကြီးပေါ်မှာလူရုပ်တစ်ရုပ်ရေးခြစ်လိုက်ပြီး Bibleကို လှမ်းတို့လိုက်သည်။

BEASTS  ( complete)Where stories live. Discover now