Chapter 13

762 125 43
                                    

Unicode

Jeff တဲထဲကို ပြန်ရောက်တော့

"အမေ...ဒီမှာဘာလုပ်နေတာလဲ!!!"

အမေဖြစ်သူက တဲထဲရောက်နေပြီး Barcodeနဲ့အတူရှိနေတာကို တွေ့တော့ သူစိုးရိမ်သွားသည်။သူbarcodeကို လှမ်းဆွဲကာ သူ့နောက်ကိုပို့လိုက်သည်။

"အမေပြောစရာရှိရင်ကျွန်တော်ကို ပြောလို့ရတယ်...."

"P'Jeff...အမေက ဒီတိုင်းလာမိတ်ဆက်တာပါ..."

သူBarcodeကို ခဏလောက်လှည့်ကြည့်လိုက်မိသည်။

"Jeff....အမေ... Barcode နဲ့ခဏလောက်စကားပြောရုံပါ...."

"ဒါဆိုဘာလို့ကျွန်တော်မရှိတဲ့ အချိန်မှလာရတာလဲ..."

"အမေတောင်းပန်ပါတယ်..."

"အမေ ပြန်တော့...."

"P'Jeff....."

"Barcode...နားမလည်ဘူး...အမေ ကျွန်တော်တောင်းပန်ပါတယ်...ထွက်သွားပေးပါ..."

"Jeffသွားစေချင်ရင် အမေသွားပါမယ်...ဒါပေမဲ့ Jeff...ပြီးခဲ့တာတွေအတွက် အမေတောင်းပန်ပါတယ်...အမေ ဒါမျိုးတွေထပ်မလုပ်တော့ဘူးဆိုတာကိုလည်းကတိပေးပါတယ်...အခုအမေ့မှာ ဘာမှမရှိတော့ဘူး အားလုံးပြီးသွားပြီလေ...သားအမေ့ကိုခွင့်လွှတ်ပါနော်..."

Jeffအမေဖြစ်သူ့ကို ယုံဖို့ကို တွေဝေနေဆဲ။တကယ်လို့သာ အလိမ်အညာဆိုရင် ထပ်ပြီး ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်ဖြစ်နေဦးမှာ။

Jeff-"အခုတော့ အရင်ပြန်လိုက်ပါတော့...."

အမေဖြစ်သူက တဲထဲကထွက်သွားမှ သူအိပ်ယာပေါ်ကို ထိုင်ချလိုက်သည်။ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း သက်ပြင်းချမိသည်။

"P...Pမှာပြောစရာရှိရင် ကျွန်တော့်ကိုပြောလို့ရပါတယ် တစ်ယောက်တည်းမျိုသိပ်မထားနဲ့...."

"......."

*_____*_____*_____*

"အား!!! Oi...လှည့်မရ ပြုမရနဲ သေးပေါက်ချင်တာတောင် ထမပေါက်နိုင်ဘူး ဘောပဲ..."

Tong-"မင်းဟိုကောင်ကို ဖမ်းတုန်းက ကျ ဒီပုံမဟုတ်ဘူးနော်"

Tongက ဆေးဗန်တွေကိုတဲထဲသယ်လာသည်။

"ဝင်ယားမိတာ နောင်တရတယ်...ကျွန်တော်ခြေထောက်က လှုပ်လို့တောင်မရဘူး...."

BEASTS  ( complete)Where stories live. Discover now