Chapter 18

730 127 15
                                    

Unicode

"P'ဗိုက်ဆာနေပြီလား...."

"ငါက အဆင်ပြေတယ် မင်းကော...."

"P'ဗိုက်ဆာရင် ကျွန်တော်ဈေးထဲသွားမလို့ ...."

"ခုချိန်လောက်ဆို ဝရမ်းထုတ်ခံထားနေရပြီ...."

Apoက သံတိုင်တွေကို မှီပြီး ထိုင်ရတာသက်တောင့်သက်သာမရှိဘူးလို့ခံစားရသည်။ဘာလို့ဆို သူတစ်ကိုလုံး၁၀မီတာအကွာကပြုတ်ကျထားတာကြောင့် ‌သေမတက်နာကျင်နေသည်။နည်းနည်းလေးလှုပ်မိတာနဲ့ အရိုးစိမ့်အောင်နာကျင်နေပြီး ဝမ်းဗိုက်က နာကျင်မှုကြောင့်သူအန်ချင်စိတ်ရှိနေတာမို့ လောလောဆယ် ဘာမှစားချင်စိတ်မရှိ။

"ဒါပေမဲ့ ညစာမစားဘဲနေလို့မရဘူး..."

Barcode က Hoodie အင်္ကျီရဲ့ခေါင်းစွပ်ကိုစွပ်ကို စွပ်လိုက်ပြီး

"P'ဘယ်မှမသွားနဲ့နော်...ကျွန်တော်မြန်မြန်ပြန်လာခဲ့မယ်..."

သူအဆောက်အဦးပျက်ထဲက ခပ်သွက်သွက် ထွက်လာလိုက်သည်။အစိုးရစခန်းတစ်ဝိုက်က တိမ်တွေက မှည်းမှောင်ပြီး ပတ်ဝန်းကျင်မှာ မိုးဖွားလေးတွေကျလို့နေခဲ့သည်။

*____*_____*_____*

Barcode ဘောင်ဘီအိပ်ကပ်ထဲက ဘတ်အချို့ကို ထုတ်လိုက်ပြီး ငွေးရှင်းကောင်တာပေါ်တင်ကာပါဆယ်ထုတ်ပြီးသား ထမင်းဘူးနှစ်ဘူးကို သယ်လာသည်။

ပါဆယ်ထုတ်တွေသယ်လာပြီး အဆောက်အအုံ ပျက်တွေ စီပြန်လာတဲ့အချိန် LED board တွေမှာ ကပ်ထားတဲ့ ဝရမ်းအချို့ကိုသူတွေ့ရသည်။ဒီတိုင်းဆို သူတို့အတွက်အနေကြပ်လာတော့မည်။

သူအဆောက်အအုံပျက်ဆီပြန်ရောက်တော့ ပါဆယ်ထုတ်ထဲက ထမင်းဘူးတစ်ဘူးကို ထုတ်ပြီး P'Poဆီကမ်းပေးလိုက်သည်။

"ကျေးဇူး..."

Apoထမင်းဘူးကိုလှန်လိုက်ချိန် ကြက်ဆီထမင်းအချို့ကိုတွေ့လိုက်တော့ ‌အတော်လေးစိတ်‌ကျေနပ်သွားသည်။သူ့ခန္ဓာကိုယ်ထဲမှာ ညီးစီစီ ပရိုတိန်းဖျော်ရည်တွေပဲရှိနေပြီး အရသာရှိတာမျိုးမစားရတာအတော်ကြာပြီ။

Barcodeက အဆောက်အအုံပျက်ထဲက သံခွက်ထဲမှာ သစ်ကိုင်းခြောက်တွေနဲ့မီးဖိုထား၏။ဖမ်းဝရမ်း‌တွေက နေရာအနှံ့အကပ်ခံထားရလောက်ပြီမို့ သူတို့ ဒီည ဒီမှာနေရန်သာရှိတော့ ပေသည်။Apoက ညစာစားပြီးတော့ သူ့ဘောင်းဘီအိပ်ကပ်ထဲက ဆွဲကြိုးကိုထုတ်ပြီး

BEASTS  ( complete)Waar verhalen tot leven komen. Ontdek het nu