Chapter 20

768 115 17
                                    

Unicode

~slap~

ပါးရိုက်ခံရတာက သာမန်ဆိုပေမဲ့ အဖေ့လက်မှာစွပ်ထားတဲ့ လက်စွပ်ကြောင့်သူ့နှုတ်ခမ်းပေါက်သွားခဲ့သည်။

"မင်းစောင်သုံးမကျတဲ့ကောင်ဘဲ ဘာလို့အဲ့ကောင်လေးကို လွှတ်ပေးလိုက်တာလဲ..."

"အဖေ ဘာသိလို့လဲ အဲ့တာ Bibleရည်းစား..."

"ငါဂရုမစိုက်ဘူး...သူ့တောင် ငါ့လောင်ရိပ်အောက်မှမနေနိုင်တာ ငါကကော ဘာလို့များ သူ့အတွက်တွေးပူးနေရတာလဲ..."

Jonathan က နှုတ်ခမ်းက သွေးစတွေကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ကာ နံရံတွေကို မှီပြီး ခြေခွင်လျက်အနေအထားနဲ့ရပ်နေခဲ့သည်။

"အဖေသာ သူ့ကို ဂရုစိုက်ရင် ဉရောပကို ထွက်သွားမှာမဟုတ်ဘူး..."

"ငါက ဘာလို့သူ့ကို ဂရုမစိုက်ရမှာလဲ...သူလိုချင်တာ ငါအကုန်ပေးတယ် သူကိုပိုက်ဆံထောက်ပံ့ပေးတယ် ကျောင်းစရိတ်ထောက်ပံ့ပေးတယ် အဆုံးစုံ သူကယောကျာ်းလေးတွေကို စိတ်ဝင်စားတာတောင် ငါခွင့်ပြုပေးခဲ့တယ်..."

"သူက ဒါတွေလိုချင်တာမှမဟုတ်တာ...သူလိုချင်တာ သူ့အပေါ် အဖေ ဂရုစိုက်ပေးတာ အမေ့အပေါ် အဖေဂရုစိုက်ပေးတာ..."

"တော်တော့ အဲ့ဒီ့‌ ဖောက်ပြန်တတ်တဲ့ မိန်းမကို ငါဘက်က အရင်ကွားရှင်းခဲ့တာမဟုတ်ဘူး...သူ့အပေါ်လည်းငါတစ်ခါမှ မဖောက်ပြန်ခဲ့ဘူး...သူနဲ့ကွာရှင်းပြီး တော့ရော ငါနောက်အိမ်ထောင်ပြုခဲ့လို့လား မင်းတို့နှစ်ယောက်အပေါ် ငါဘယ်တုန်းက များဆိုးဆိုးရွားဆက်ဆံခဲ့ဖူးလို့လဲ..."

"ဒါပေမဲ့ အဖေက မိသားစုအတွက်တစ်ခါမှ အချိန်မပေးခဲ့ဘူးလေ ကျွန်တော်တို့ကို ဂရုစိုက်ခဲ့ဖူးလို့လား ကျွန်တော်‌တို့ညီအစ်ကို အတွက်ကော အချိန်ပေးခဲဖူးလို့လား ကျွန်တော်တို့ ခံစားချက်တွေကိုကော အချိန်ပေးပြီး နာထောင်ပေးလို့လာ နားလည်ပေးလို့လား..."

"......"

Jonathan က သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပြီးမှ သူ့ရဲ့စကားကိုပြန်ဆက်ခဲ၏။

"သူက အမေနဲ့တူတယ်..."

"ဘယ်သူက..."

"Bible ရဲ့ကောင်လေးက တော်တော်လေးလှတယ်...."

BEASTS  ( complete)Tahanan ng mga kuwento. Tumuklas ngayon