Chapter 21

811 118 28
                                    

Unicode

ကားတစ်စီး လမ်းခုလပ်ပလပ်ဖောင်းနားမှာ ထိုးရပ်သွားပြီး

"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..."

Mileက သွေးစိမ့်ထွက်နေတဲ့ လက်မောင်းကို ဖိကိုင်ထားရင်း နောက်ကြည့်မှန်ကနေတစ်ဆင် Buiနဲ့ Bibleကို လှမ်းကြည့်လိုက်သည်။နောက်ခန်းမှာထိုင်နေရတဲ့ Apoက Buiတို့သမီးရည်းစားနှစ်ယောက် ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတဲအခြေအနေမို့ သူခင်ဗျာ ကြားသုံးကြားမဝင်ကောင်းဘူး ဆိုတဲ့အတိုင်း ကားတံခါးကို မှီပြီး တိတ်တိတ်လေး နေနေရရှာသည်။တကယ်တမ်းကျBibleက အဲ့ လောက်ကြီးမဟုတ်ပေမဲ့ Buiဘက်က တော်တော်လေး‌တင်းမာနေသည်။Bibleက Buiကိုတစ်ချက်တစ်ချက် ခိုးကြည့်နေပေမဲ့ ဘာစကားမှတော့မဟသေး။Buiရဲ့ လက်တွေက ဒေါက်ဖိနပ်ကန်ချက်တွေကြောင့် ပေါက်ပြဲကာ သွေးဆို့နေသည်။

Mile-"ဒီမှာပဲခဏရပ်ထားလိုက်...."

Mileကားထဲ ကဆင်းပြီး လမ်းလည်ခေါင်မှာရပ် ကာပျက်စီးသွားတဲ့ တံတိုင်းကြီးကို လှမ်းကြည့်မိသည်။တံတိုင်းက အလယ်က‌နေပြိုကျသွားပြီ။သားရဲကလည်း တံတိုင်းနားမှ ရစ်သီရစ်သီနဲ့ရှိနေတုန်း။

‌လေထဲမှာ Helicopter သုံးစီးလောက်ကိုတွေ့တော့Buiက

"တံတိုင်းက သားရဲကို ရှင်းဖို့ကျ helicopter တွေ လွှတ်ထားပြီး အထဲက နှစ်ကောင်ကို ကျဘာလို့ ရှင်းဖို့ တပ်သားတွေမလွှတ်ထားတာလဲ...."

Mile-"အဲ့ဒါက တံတိုင်းမှာရှိနေတဲ့ လုံခြုံရေးတပ်....ဒီထဲကနေလွှတ်တာမဟုတ်ဘူး...."

Bas-"တခြားကာကွယ်ရေးတပ်တွေက ခုချိန်ထိရောက်မလာကြသေးတာလား...."

Bible-"အပြင်က ကင်းအုပ်ပါရှိသေးတယ် လုံခြုံရေးတပ်ကနှစ်ခုလုံးကို မနိုင်နိုင်ဘူး..."

Apo-"အိုက်Buiမင်းပြောတဲ့သားပေါက်တွေ‌ကကော အဲ့ဒီတိုက်တစ်ခြမ်းပြိုကျ သွားပြီး ဘာဆက်ဖြစ်သွားလဲ...."

"........."

"အိုက်Bui...."

"........."

"Buiငါပြောနေတယ်လေ...."

Buiဆီက တုန့်ပြန့်သံမကြားတာကြောင့် Apoစိတ်မရှည်စွာလှည့်ကြည့်မိတော့

BEASTS  ( complete)Where stories live. Discover now