Chapter 22

790 113 25
                                    

Unicode

ကားတစ်စီးက အချက်ပြ Tower တိုင်ရှေ့ရောက်တော့ မောင်းနှင်နေရာက ‌‌ ရပ်တန့်သွားသည်။အစိုးရစခန်းတစ်ခုလုံးရဲ့ လူတွေက အနောက်ဘက် ကနေဒါစခန်းရဲ့ ဂိတ်တံခါးကို ထွက်ခွာသွားနေကြပြီ။မြို့ထဲက အခြေအနေကြောင့် ဘယ်သူမှ မရှိတော့။ပုံမှန်တိုင်းသားရဲတွေကို သတ်လို့မရတာပြဿနာ။ကင်းခြေများလို သားရဲတွေက နှစ်ပိုင်းပြတ်သွားရင် ကျန်တဲ့တစ်ပိုင်းကနေ မိနစ်ပိုင်းတွင်း အကောင်သစ်ထပ်ဖြစ်လာသည်။မာကျောတဲ့ အရေပြားတွေကြောင့်လည်း ပစ်သတ်ဖို့က မလွယ်ကူဘူး။ဒါကြောင့် Jonathan က သားပေါက်တွေကို ပြန်ပေးလိုက်မဲ့ နည်းလည်းကို ရွေးချယ်ခဲ့သည်။

လေးယောက်လုံး towerတိုင်ပေါ်ကို တက်လာခဲ့ကြသည်။Towerတိုင်ရဲ့ အမြင့်က မီတာ၆၀လောက်ရှိပြီး ထိုင်းအစိုးရစခန်းမှ အမြင့်ဆုံးအဆောက်အအုံဖြစ်သည်။ပင်မတံတိုင်းထက်တောင်မြင့်မားသည်။Towerရဲ့ ရိုးရိုးလှေကားတွေက အဆောက်အအုံရဲ့ အပြင်ဘက်မှရှိနေပြီး Buiတက်လာတဲ့ တစ်လျှောက်လုံး လေတိုက်တဲ့ ဒဏ်ကိုကောင်းကောင်းကြီး ခံစားရသည်။Towerရဲ့ ထိပ်ဆုံး အထပ်ကိုရောက်တော့ သူပင်မတံတိုင်းကြီးဘက်ကို ငေးဆမိသည်။၆၀မီတာ မြင့်တဲ့ Towerက တံတိုင်းရဲ့ အပြင်ဘက်က အရာတွေကိုတောင်မြင့်နေရသည်။အပြင်က ကင်းသားရဲ လမ်းကြောင်းအတွက် ဖြည်ရှင်းဖို့နည်းလမ်းကောင်းကို Jonathanက အစောကြီးကတည်းက တွေ့ထားပြီးသားဖြစ်မည်။မီးလောင်နေတဲ့ ကင်းအုပ်ကြီးကိုမြင်ရပြီး တောထဲက ထွက်လာနေတဲ့ သားရဲ လမ်းကြောင်းကြီးက ရပ်တန့်သွားသည်။

Bui-"ကင်းတွေ ထပ်ထွက်မလာတော့ဘူး...."

Nodt-"Jonathanက ကောင်းကောင်း ကြီးဖြေရှင်းနိုင်တာပဲ...."

သူရပ်နေတဲ့Towerရဲ့ မြောင်ဘက်မှာ ပင်မတံတိုင်းကိုမြင်‌နေရပြီး တောင်ဘက်မှာ ကနေဒါနိုင်ငံစခန်းရဲ့ တံတိုင်းကို မြင်နေသည်။ကနေဒါစခန်းနဲ့ထိုင်းစခန်းကြားက တံတိုင်းဟာ ပင်မတံတိုင်းနဲ့ အရွယ်တူရှိတာမို့ ကနေဒါ စခန်းထဲကအရာတွေကိုလည်း Tower ပေါ်က မြင်နေရသည်။ကနေဒါစခန်းက လူသွင်းနေသည်။ဒါပေမဲ့ ဒီဘက်ထိုင်းအစိုးရစခန်းက လူဦးရေအရမ်းများတာကြောင့် သူတို့ဘက်က ပြုံတိုးပြီးပေးဝင်ဖို့အတွက်ခက်ခဲပေသည်။ခုနောက်ပိုင်းအတွင်း အစာအိမ်ထဲမျိုးပွားမှု အခြေအနေအသစ်တစ်ရပ်မကြာခဏဖြစ်ပွားနေတာကြောင့် ထိုင်းအစိုးရစခန်းရဲ့ နေထိုင်ခွင့်လိုင်စင်မရှိတဲ့ လူတွေကို ပေးဝင်ဖို့အတွက်အတော်လေးအခက်တွေ့နေသည်။အများစုက လိုင်စင်မရှိတဲ့ လူတွေတော့မဟုတ်ကြဘူး။အားလုံးနီးပါးက နေထိုင်ခွင့်လိုင်စင်တွေ သူတို့နေတဲ့ အိမ်တွေမှာကျန်နေခဲ့ကြခြင်းသာ။ဒီလောက် ရုန်းရင်းဆန်ခတ်အခြေအနေမှာ အိမ်ပြန်ပြီး လိုင်စင်ပြန်မယူရဲကြတော့ဘူး။ဒါက နှစ်ဦးနှစ်ဖက်ကြားတော်တော်လေး အခက်တွေ့စေသည်။ကနေဒါစခန်းက လိုင်စင်ပါတဲ့ လူတွေကို ပဲ အထဲပေးသွင်းနေပြီး ကျန်တဲ့ လူတွေ အတွက်သူတို့မှာလည်း အခက်တွေ့နေရှာသည်။

BEASTS  ( complete)Where stories live. Discover now