Chapter 4

765 126 65
                                    

Unicode

cabinထဲကလူတွေက အိပ်သွားခဲ့ပြီး Jeff နဲ့Barcodeသာ cabin အပြင်မှာကျန်နေခဲ့သည်။Barcodeက သူရဲ့ rifle ကို ဘေးမှာထောင်ထားပြီး မီးတောက်နေတဲ့မီးဖိုထဲကို ထင်း‌ ချောင်းတွေပစ်ထည့်နေခဲ့သည်။

Jeff ..ကောင်လေးကို ဘယ်ကနေစပြီး သိမ်းသွင်းရမှန်းမသိ။သူက သူရဲ့လက်ချောင်းတွေမှာစွပ်ထားတဲ့ လက်စွပ်တွေကို ပွတ်သပ်ရင်း အချိန်တော်တော်ကြာငြိမ်နေခဲ့သည်။နောက်ဆုံးသူဘက်ကပဲစကားစလိုက်သည်။

"Nong ဒီနေ့ပြန်လာတာနောက်ကျတယ်နော်...."

ဒါက နည်းနည်းအူကြောင်ကြောင်နိုင်တဲ့ မေးခွန်းပင်။Barcodeက သူ့မေးခွန်းကို ဘာမှပြန်ဖြေမလာခဲ့။မီးဖိုထဲကိုသာထင်းချောင်းတွေပစ်ထည့်နေဆဲ။

Jeff နည်းနည်းအနေခတ်လာပေသည်။ဒါ‌ပေမဲ့လည်း သူမထူးဇာတ်ခင်းရမှာပါပဲ‌လေ။

"Nong guitar တီးသင်ချင်လား....."

Jeff သူပြောတဲ့စကား‌ကြောင့် Barcode ဒေါသထွက်သွားမည်ကိုတော့စိုးရိမ်ပေသည်။

"ခင်ဗျားက ကျွန်တော့ကို တကယ်သင်ပေမှာလား....."

Barcode ရဲ့တုန့်ပြန်မှုကြောင့်Jeff ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်ကြီးစွ အရောင်တလက်လက် တောက်ပလာသည်။

"အင်း.... Barcode သာ P' တို့နဲ့လိုက်မယ်ဆိုရင် သေချာပေါက်သင်ပေးမှာပေါ့....."

"မဆိုင်ပါဘူး...."

"Oww...."

Barcode က ထိုင်နေရာက ထရပ်လိုက်ပြီး သစ်စတွေပေနေတဲ့ သူရဲ့လက်တွေကို ခါလိုက်သည်။

"ကျွန်တော်....Dr.Knightနဲ့စကားပြောဖို့လိုတယ်...."

"ကောင်းပြီ ဘာပြောစရာရှိလို့လဲ....."

Dr.Knightက ဘယ်ချိန်ကတည်းက cabinအပြင်ဘက်ကိုရောက်နေသည်မသိ။သူလက်ထဲမှာ မှတ်စုစာအုပ်ကို ကိုင်ထားပြီး Barcode ရှိရာ ထင်းမီဖိုဘေးကိုလျှောက်လာသည်။

"မင်း ဘာပြောချင်လိုလဲ...."

"ကျွန်တော်ခင်ဗျားနဲ့ နှစ်ယောက်တည်းဆွေးနွေးစရာရှိတယ်...."

Barcodeက Jeffကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

Dr.Knight-"Jeff မင်းသွားအိပ်လိုက်တော့....."

BEASTS  ( complete)Where stories live. Discover now