Chapter 11

792 127 66
                                    

Unicode

ဘီယာဘူးခွံတွေ တစ်ဘူးပြီးတစ်ဘူး ကုန်သွားပြီး သူ့ဘေးမှာပလုံစီနေသည်။Brcodeဆက်မသောက်နိုင်တော့သလို ထလည်းမထနိုင်တော့။သူ့ကို အမြင်မတော်လို့ တဲထဲ လိုက်ပို့ကြရင်လည်းပို့ကြပါစေ။

Barcode က စားပွဲပေါ်မှာ မှောက်ကာ အိပ်ပျော်လို့နေသည်။

Jeff အမျိုးသမီးတွေက အတင်းဆွဲခေါ်လို့သာ ဒီဘက်ဝိုင်းမှာ သီးချင်းဆိုနေရပေမဲ့ Barcode ထံကို သာအာရုံရောက်နေမိသည်။Barcodeက ဘီယာဘူးတွေ တစ်ဘူးပြီး တစ်ဘူးဖောက်သောက်နေခဲ့သည်။သူ့ကြည့်ရတာ မူးနေတဲ့ ပုံပေါ်နေပေမဲ့ သောက်တာကို ရပ်မသွားဘူး။နောက်ဆုံး‌တော့ သောက်လက်စ တစ်ဘူးထပ်ကုန်သွားတာနဲ့ မှောက်သွားခဲ့သည်။Jeffဒီတစ်ခါတော့ ဘယ်သူ့ကိုမှ အားမနာနိုင်တော့ဘဲ ဂစ်တာကို ချကာ Barcode ရှိတဲ့ စားပွဲဘက်သို့ထွက်လာလိုက်သည်။

"Barcode... Barcode..."

သူBrcodeကို လှုပ်နိုးတော့ ကလေးငယ်က တုတ်တုတ်တောင်မလှုပ်တော့တာကြောင့် Barcodeကို ကောက်ပွေ့လိုက်သည်။

Tong-"စခန်းကို ဘယ်လိုလူတွေများရောက်လာတာလဲ အချစ်နံ့တွေနံလိုက်တာ...."

Jeffက Tongရဲ့စကားကြောင့် ပြုံးမိသွားသည်။

သူBarcodeကို တဲထဲထိပါအောင် မနည်းခေါ်ခဲ့ရရှာသည်။

တဲထဲရောက်ဝောာ့ Jeff Barcode ကို အိပ်ယာပေါ်ချပေးလိုက်သည်။သူထပ်ပြီး အပြင်မှာမနေချင်တော့တာကြောင့်ရွက်တဲရဲ့‌zipကို ပိတ်ပစ်လိုက်သည်။

ဒီရက်ပိုင်းတွင်း Barcode က သူ့ကို စကားမပြောသလို့ ဂရုမစိုက်...သူဘာပြောပြော အင်းတစ်လုံးထပ်မပို။

သူBarcode‌ဘေးက ‌နေရာလွတ်မှာ ဝင်လှဲလိုက်၏။သူနေတိုင်း ထိုင်ခုံမှာ မှီအိပ်နေခဲ့ရတာ မို့ ကျောတွေနာနေသည်။ဒီနေ့ တော့ Barcode က အိပ်ပျော် နှင့်ပြီမို့ သူBarcodeမသိအောင် တိတ်တိတ်လေး ဝင်အိပ်မိပေမဲ့

"P'Jeff...."

Barcode ဆီက ခေါ်သံကြားတော့ သူလှဲနေတာကကုန်းထမိသည်။Barcodeစိတ်ဆိုးသွားမှာကိုမလိုးလားတာကြောင့်

"Sorry Barcode..P' နည်းနည်း ပင်ပန်းနေလို့ပါ...P'...."

Barcode ဆီက ဘာမှတုန့်ပြန်လာတာကိုမကြားတာကြောင့် သူ့လှည့်ကြည့်မိတော့ Barcode က အရင်တိုင်းအေးအေးချမ်းပဲအိပ်ပြောနေပေသည်။

BEASTS  ( complete)Where stories live. Discover now